နိုင်ငံအမြောက်အမြားက ကိုယ်စားလှယ် တစ်သောင်းနီးပါး တက်ရောက်ခဲ့တဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူဘာသာရေးပွဲတက်ရောက်ခဲ့သူ ၄၁ ယောက်ဟာ မတ်လ ၁၄ ရက်နေ့ရဲ့ မလေးရှားနိုင်ငံသားကူးစက်ခံရမှုစာရင်းမှာပါဝင်လာခဲ့ပါတယ်။

ထို ၄၁ ဦးအပါအဝင် မလေးရှားနိုင်ငံတွင် ရောဂါကူးစက်ခံရသူပေါင်း ၂၃၈ ဦးရှိပြီဖြစ်ပါတယ်။ ၎င်းဘာသာရေးပွဲဟာ ခန့်မှန်းခြေ လူ ၁၆,၀၀၀ လောက်တက်ရောက်ခဲ့ပေမယ့် အများစုက မလေးရှားနိုင်ငံသားတွေပါ။
ထိုပွဲကိုတက်ရောက်ခဲ့သူ ဘရူနိုင်းနိုင်ငံသား ဟာ ဘရူနိုင်းနိုင်ငံရဲ့ပထမဆုံးစတက်ကူးစက်ခံရသူလို့ မတ်လ ၁၁ ရက်နေ့ကထုတ်ပြန်ပြီး မတ်လ ၁၄ရက်နေ့မှာတော့ ကူးစက်ခံရသူ ၂၅ ဦးအထိရှိသွားပြီဖြစ်ပါတယ်။
ထိုအထဲမှာ စင်ကာပူနိုင်ငံသားတွေလည်းပါဝင်ပြီး ကူးစက်ခံရသူတွေလည်းရှိပါတယ်။ သတင်းကောင်းကတော့ သောကြာနေ့ မတ်လ ၁၃ ရက်နေ့က မလေးရှားနိုင်ငံဟာ ကူးစက်ခံရသူ ၃၃ ဦးကို အောင်မြင်စွာ ကူးသပေးလိုက်နိုင်ပြီလည်းဖြစ်ပါတယ်လို့ မလေးရှားကျန်းမာရေးဌာန အကြီးအကဲ Dr Noor Hisham Abdullah ကပြောပါတယ်။

သောကြာနေ့ကပဲ မလေးရှားဝန်ကြီးချုပ်က လူစုလူဝေးပွဲတွေ၊ အားကစားပြိုင်ပွဲတွေနဲ့ ဘာသာရေးပွဲတွေကို April 30 အထိ ပိတ်ပင်ထားမယ်လို့ တရားဝင်ကြေငြာခဲ့ပါသေးတယ်။ အကြောင်းကတော့ မလေးရှားနိုင်ငံတွင်းမှာ ရောဂါကူးစက်မှုအရင်းအမြစ် နှစ်ခုကို တွေ့ နေရပြီး မလေးရှားနိုင်ငံသားအများအပြားကူးစက်ခံနေရပါတယ်။ ဒါ့အပြင်တရုတ်နိုင်ငံ၊ Hubei ပြည်နယ်၊ Jiangsu နဲ့ Zhejiang၊ Hokkaido ၊ အီတလီ၊ အီရန်၊ နဲ့ တောင်ကိုရီးယားခရီးသွားတွေကို နိုင်ငံဝင်ခွင့်ပိတ်ပင်ထားပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံဟာ အခြား ကူးစက်ခံနိုင်ငံတွေရဲ့ ခရီးသွားအဝင်အထွက်ကိုလည်း မျက်ခြေမပျက်စောင့်ကြည့်စစ်ဆေးသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source – CNA