Sponsored
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်အတွင်း ဇန်နဝါရီ ၂၉ ရက်နေ့က စတင်ကျင်းပခဲ့သည့် မန်းရွှေစက်တော် ဘုရားပွဲတော်ကို မတ် ၁၃ ရက်နေ့မှစ၍ ပိတ်သိမ်းမည်လို့သိရပါတယ်။

ယခုကိစ္စနဲ့ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက Eleven Media Group သို့ မတ် ၁၂ ရက် ညနေ ၆ နာရီ ၁၅ မိနစ်က အတည်ပြု ပြောကြားထားတယ်လို့ လဲဆိုပါတယ်။

“ပြည်ထောင်စု အစိုးရက နာရေးကလွဲလို့ ဘာပွဲမှမကျင်းပရဘူးလို့ ညွှန်ကြားလာပါတယ်။ မူလက လာမယ့် တနင်္လာနေ့ကျမှ ပွဲတော်ကိုပိတ်ဖို့ စီစဉ်သေးပေမယ့် မနက်ဖြန်ကစလို့ ပွဲတော်ကို ဝင်လာမယ့် ကားတွေကို တားတာကနေ စတင်ပိတ်သိမ်းဖို့ ဆောင်ရွက်နေကြပါပြီ” ဟု ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။
Sponsored
Ref: Eleven Media
Sponsored