မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာဟာ သူ့ရဲ့ ပရိသတ်တွေအပေါ်မှာ ပြောကြားခဲ့တဲ့ မှတ်ချက် စကားတစ်ခွန်းကြောင့် အသင်းရဲ့ တရားဝင် အားပေးသူများအဖွဲ့ နဲ့ ပြဿနာတစ်ခုဖြစ်ပွားနေ တာဖြစ်ပါတယ်။
မန်စီးတီးအသင်းက ဖူဟမ်အသင်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အသင်းပရိသတ်တွေ ကွင်းလုံးပြည့် လာရောက်အားပေးမူမရှိတဲ့အပေါ်မှာ ဂွာဒီယိုလာက ဝေဖန် မူတစ်ခုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာရဲ့ ဝေဖန်မူအပေါ်မှာ မန်စီးတီးအသင်းရဲ့ တရားဝင် ဖန်ကလပ်က ဦးဆောင်သူတွေက ပြန် လည်ဝေဖန်ခဲ့ပြီး ဂွာဒီယိုလာအနေနဲ့ ပရိသတ်တွေရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးပြဿနာတွေကို နားလည်နိုင်မှာမဟုတ်ကြောင်း ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ဖူဟမ်အသင်းကို အနိုင်ရခဲ့တဲ့ အိမ် ကွင်းပွဲစဉ်မှာ မန်စီးတီးပရိသတ် ၄သောင်းနီးပါးလာရောက်အားပေးခဲ့ကြပေမယ့်လည်း ဘာကြောင့် ကွင်းလုံးပြည့် လာရောက်အားပေးခြင်းမပြုတာလဲ ဆိုပြီး ဂွာဒီယိုလာကပရိသတ်တွေကို မေးခွန်း ထုတ်ခဲ့ တာဖြစ်ပါတယ်။
အသင်းရဲ့ တရားဝင် အားပေးသူများအဖွဲ့ အတွင်းရေးမှူး ကီဗင်ပါကားကတော့ ဂွာဒီယိုလာရဲ့မှတ် ချက်အပေါ်မှာ “ ကျွန်တော်စိတ်ပျက်ခဲ့ရပါတယ်။ ပတ်အနေနဲ့ ဘာတွေဖြစ်ချင်တာလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး။ ဘယ်သူမှလာအားပေးဘဲ ကစားနေရတာလည်းမဟုတ်ပါဘူး။ သူ့ မှတ်ချက်ကို စိတ်တိုစရာပါ။ ကျွန်တော်တို့ဟာ တခြားကလပ်အသင်းတွေရဲ့ ဝေဖန်မူတွေ တောင် ခံနေရတဲ့အချိန်မှာ ကျွန်တော်တို့ နည်းပြက ပြန်လည်ဝေဖန်တာက ဆိုးရွားမူတွေပဲဖြစ်စေမှာပါ။ သူ့ အနေနဲ့ ကျွန်တော်တို့ ပရိသတ်တွေရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေတွေနဲ့ ရင်းနှီး ကျွမ်းဝင်မူမရှိတာလည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းဖန်တွေဟာ ဘောလုံးအပေါ်မှာ ငွေ ကုန် ကြေးကျ အားပေးလာတာကို လက်ခံဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ကို ဝေဖန်နေတာတွေကို လည်း ရပ်တန့် ပေးပါ” ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ အီတီဟတ်ကွင်းမှာ ပျမ်းမျှအားဖြင့် ပရိသတ် ၅သောင်း၅ထောင်နီးပါးအထိ ဝင်ဆံ့ တာဖြစ်ပြီး ဖူဟမ်နဲ့ အက်ဖ်အေပွဲစဉ်မှာ ၄သောင်းနီးပါးပဲ လာရောက်အားပေးခဲ့တဲ့အပေါ်မှာ ဂွာဒီယို လာက မကျေမနပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။
Jack ( Sports Reader )