ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ကိုးပွဲမှာ ရှုံးပွဲမရှိသေးဘဲ အမှတ်ပေးဇယားထိပ်ဆုံး လေးနေရာကို ရယူဖို့ ပစ်မှတ်ထားနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်း ဟာအိမ်ကွင်းမှာ ကစားရမယ့် မန်စီးတီးနဲ့ ပရီးမီယားလိဂ် ပွဲစဉ်ကိုအနိုင်ရယူနိုင်ဖို့အတွက် ပေါ့ဘာ၊ ရက်ဖိုဒ့် တို့က လွဲပြီးအသင်း ရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဖာနန်ဒက်ဇ်၊ မာရှယ်၊ လင်ဒီလောဖ့် ၊ ဖရက်ဒ်၊ မာတစ်၊ တို့အပြင်ဒဏ်ရာက ပြန်ကော်းမွန်လာတဲ့ မက်ဂွိုင်းယား၊ အာရွမ်ဘစ်ဆာကာ၊ ဒန်နီရယ်လ် ဂျိန်းစ့် တို့ကိုလည်း ပွဲထွက်က စားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။

မန်စီးတီးအသင်းကလည်း စတာလင်၊ ရိုဒရီ၊ အဂူရို၊ ဂွန်ဒိုဂမ်၊ ဖာနန်ဒင်ဟို ၊ ဟာနန်ဒက်ဇ်၊ ဖိုဒန်တို့ ဦးဆောင် ပါဝင်ကစားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ကစားရပေမယ့် မန်စီးတီးအသင်းကို ယှဉ်မကစားနိုင်ဘဲ ခံစစ် အားပြု ကစားခဲ့ပြီးတန်ပြန်တိုက် စစ် ကို အသုံးပြုခဲ့ပါတယ်။

မန်စီတီးအသင်းက တော့ ဧည့်သည့်အသင်းဖြစ်ပေမယ့် အိမ်ရှင်အသင်းဘက်ကို အချိန်များစွာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နောက် တန်း တွေ ဖျက်ထုတ်ပုံကောင်းမွန် မှု နဲ့ မန်စီးတီး တိုက်စစ်မှူးတွေ ဂိုးသွင်း မသေချာမှု တွေကြောင့် မန်စီးတီးအသင်းဟာ ဂိုးမရဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၂၉ မိနစ်မှာ မန်စီးတီးကစားသမား ဂွန်ဒိုဂမ်က မန်ချက်စတာယူနိုက်တက် ကွင်းလယ် လူ ဖာနန်ဒက်ဇ်ကို ဖျက်ထုတ်ပုံ ကြမ်းတဲ့အတွက် ကွင်းလယ် ဒိုင်လူကြီးက မန်ချက်စ တာယူနိုက် တက် အသင်းကို ဖရီးကစ် ကန်ခွင့်ပေးခဲ့ပါတယ်။ အဲဒီ ဖရီးကစ်ကို ဖာနန်ဒက်ဇ် ကန်သွင်းခဲ့ရာမှ တဆင့် မာရှယ်က မန်ချက်စတာယူနိုက်တက်အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဂိုးပေးလိုက်ရပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဘက်ကို တိုက်စစ်ဆင် ကစားပေမယ့် ချေပဂိုးသွင်းယူနိုင်မှုမရှိခဲ့ပါဘူး၊

ဒုတိယပိုင်းမှာတော့ မန်စီးတီးအသင်းဟာချေပဂိုးရယူနိုင်ဖို့ တိုက်စစ်အရှိန်မြင့်ခဲ့ပြီး အဂူရိုနေရာ မှာ ဂျီဆပ်၊ ဘာနာဒိုဆေးလ်ဗားနေရာမှာ မာရက်ဇ်၊ ဇင်ချန်ကိုနေရာမှာ မန်ဒီတို့ ထည့်သွင်း ကစား ခဲ့ ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကလည်း ရရှိထားတဲ့ ဂိုး ကို ထိန်းထားနိုင်ဖို့ အတွက် ဝီလံယံနေရာမှာ ဘိုင်လီ၊ ဖာနန်ဒက်ဇ်နေရာ အီဟာလို၊ မာရှယ်နေရာမှာ တွမ်မီနေးတို့ ထည့်သွင်းကစားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ‘ဒုတိယပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းအားနည်းချက်တွေကြောင့်ချေပဂိုးမရခဲ့ဘဲ အချိန် ပို မှာ မန်ချက်စတာယူနိုက်တက် အတွက်တွမ်မီနေးက ဒုတိယအနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
Zego ( The Lifestyle Myanmar )