မန်ချက်စတာယူနိုက်တက်ပရိသတ် အစုအဖွဲ့ တစ်ဖွဲ့ဟာ အသင်းရဲ့ စီမံခန့်ခွဲမူတွေနဲ့ ရလဒ်ပိုင်းတွေကို ကျေနပ်မူမရှိတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အရာရှိချုပ်ဖြစ်သူ အက်ဒ်ဝုဒ်ရဲ့ အိမ်ကို ဇန်နဝါရီ၂၉ရက်က သွားရောက် နှောက်ယှက်ခဲ့ကြတာဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ် အဖွဲ့ ဟာ ချက်ရိူုင်းယားမှာရှိတဲ့ ပေါင်၂သန်းတန် အက်ဒ်ဝုဒ်ရဲ့ အိမ်က အဓိက ဂိတ်ပေါက် ကိုလည်း ဆေးမှုတ် ပြီး ဖျက်စီးခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင်အိမ်ရှေ့လမ်းမပေါ်ကနေ တစ်ဆင့် မီးရှူးမီးပန်းများ၊ မီးခိုးဗုံးတွေနဲ့ ပစ်သွင်းခဲ့ကြပြီး အက်ဒ်ဝုဒ် ကို ကို ဆဲရေးတိုင်းထွာခဲ့ကြတာလည်းဖြစ်ပါတယ်။”အက်ဒ်ဝုဒ် သေတော့မယ်”ဆိုတဲ့ စကားသံတွေကို အော်ဟစ်ကာ ဆဲဆိုခဲ့ကြပြီး နောက် ထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။ အက်ဒ်ဝုဒ်ရဲ့ အိမ်တိုက်ခိုက် ခံခဲ့ရပြီးနောက် ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဘက်ကလည်း ထုတ်ပြန်ချက်တစ်ခု ပြုလုပ် ခဲ့ရ ပါတယ်။

အမည်မဖော်လိုတဲ့ ယူနိုက်တက်အသင်းတာဝန်ရှိသူတစ်ဦးကတော့ မနေ့ညက အက်ဒ်ဝုဒ်ရဲ့အိမ် တိုက်ခိုက်ခံခဲ့ရတာကို အတည်ပြုခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့ မိမိတို့ရဲ့ဆန္ဒတွေကို ထုတ်ဖော် ပြောကြားတာနဲ့ ရာဇဝတ်မှုမကင်းတဲ့ ပြစ်မူတွေကို လုပ်ဆောင်တာ နဲ့ ကွဲပြားခြားနားကြောင်း၊ အဆိုပါ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ရူတ်ချကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။အက်ဒ်ဝုဒ်ရဲ့အိမ်ကို တိုက်ခိုက်ခဲ့ကြတဲ့ ယူနိုက်တက်ပရိသတ်အစုအဖွဲ့ကိုတော့ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့သိရ ပါတယ်။

ယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေကြုံတွေ့နေရပေမယ့်လည်း ဇန်နဝါရီအပြောင်းအရွှေ့ ပြီးဆုံးကာနီးအချိန်အထိ ကစားသမားသစ်ဝယ်ယူဖို့ ပျက်ကွက်နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ် အများစုကမကျေမနပ်ဖြစ်နေကြပြီး ဝုဗ်အသင်းနဲ့ပွဲမှာဆိုရင် ဆန္ဒပြဖို့အထိ စီစဉ်နေ ကြတယ်လို့သိရပါတယ်။

Jack ( Sports Reader )