မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းရဲ့ ဂိုးသမား ဆာဂျီယိုရိုမီယို(Sergio Romero)ဟာ ဒီကနေ့မှာ ကားမှောက်မှုဖြစ်ပွားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံက ကာရင်တန်မြို့ သူတို့ရဲ့ လေ့ကျင့်ရေးစခန်းအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သူကိုယ်တိုင်ကတော့ ထိခိုက်မှုမရှိခဲ့ပါဘူးလို့ ကနဦးသတင်းသိရပါတယ်။

စတာလင်ပေါင် ၁၇၀၀၀၀(မြန်မာငွေ ကျပ်သိန်း၃ထောင်ကျော်)တန်ဖိုးရှိတဲ့ သူ့ရဲ့ လမ်ဘော်ဂီနီကားတိမ်းမှောက်ခဲ့တာပါ။

ယူနိုက်တက် အသင်းရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းအနီး လမ်းမပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့့ပြီး ဂိုးသမား ရိုမီရို ရဲ့ လန်ဘောဂီနီ ကားလည်း ပါဝင်ခဲ့တယ်လို့ အသင်းဘက်က အတည်ပြုခဲ့ပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ရိုမီရို ရဲ့ ကားဟာ လမ်းဘေးက အတားအဆီး နဲ့ ထိခိုက်မိပြီး အတော်လေး ပျက်စီးနေတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကာယကံရှင် ကစားသမားကတော့ တစုံတရာထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

Source: Daily Mail