မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ လင်ဂတ်ဟာ အသင်းနဲ့ အတူ ခြေစွမ်းပြသနိုင်ခြင်းမရှိတာ တစ်နှစ်ခန့်ကြာပြီနေတာဖြစ်ပါတယ်။
၂၀၁၉ခုနှစ်အတွင်းမှာ ဂိုးသွင်းယူမူ မစွမ်းဆောင်နိုင်ခဲ့သလို ဂိုးဖန်တီးမူလည်း မလုပ်နိုင်ခဲ့တာကြောင့် လင်ဂတ်အနေနဲ့ အသင်သစ်ရှာ ဖွေ ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ဒေးလီးမေးလ်သတင်းစာရဲ့ဖော်ပြချက်အရ လင်ဂတ်ဟာ နာမည်ကြီး အေးဂျင့်ဖြစ်သူ ရွိုင်အိုလာနဲ့ ချိတ်ဆက်နေပြီး အသင်းသစ်ရှာဖွေဖို့အတွက် တောင်းဆိုထားတယ်လို့ သိရှိရပါသည်။

အေးဂျင့်ရွိုင်အိုလာဟာ ပေါ့ဘာရဲ့အေဂျင့်ဖြစ်သလို အီဗရာဟီမိုဗစ်၊မီခီတာယန်၊လူကာကူ စတဲ့ ကစားသမားတွေကို မန်ယူနိုက်တက်အသင်းဆီရောက်ရှိအောင် ချိတ်ဆက်ပေးခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အေးဂျင့်ရွိုင်အိုလာဟာ အင်္ဂလန်ကစားသမားတွေကိုလည်း အသင်း ပြောင်းရွှေ့မူတွေမှာ ချိတ်ဆက်ပေးဖို့ ဆုံးဖြတ်ထားတာဖြစ်တယ်လို့သိရပါတယ်။

အသက်၂ရနှစ်ရှိလာပြီဖြစ်တဲ့ လင်ဂတ်ဟာ လာမယ့်နှစ်ရာသီအကုန်မှာအသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းဘက်က နောက်ထပ်၁၂လသက်တမ်းစာချုပ်ချုပ်ဆိုခွင့်လည်းရှိနေတာဖြစ် ပါတယ်။ဒါပေမယ့် လင်ဂတ်ကတော့ အသင်းပြောင်းရွှေ့ဖို့အတွက်အေးဂျင့် ရွိုင်အိုလာနဲ့ ကြိုတင် ချိတ် ဆက်ခဲ့တာဖြစ်ပါတယ်။လင်ဂတ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းနဲ့ အတူပွဲထွက် ကစားခွင့်ရရှိခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း ၂၀၁၉ခုနှစ်မှာတော့ ခြေစွမ်ကျဆင်းသွားခဲ့တာဖြစ် ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခြင်းမခံရတော့တဲ့ လင်ဂတ်ဟာ ကလပ်အသင်းမှာ လည်းပွဲထွက်ခွင့်ရုန်းကန်လာခဲ့ရတာကြောင့် အသင်းပရိသတ်တွေရဲ့ ထောက်ခံမူမရရှိခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း အသင်းမှာ မပျော်အရွှင်ဖြစ်နေတယ်လို့ ဒေးလီးမေးလ်သတင်းစာ ကရေးသားသွားခဲ့ပါတယ်။
Jack ( Sports Reader )