ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်မန်တပ်ရွာနဲ့ ရွာအနီးဝန်းကျင်က ရွာတွေမှာ ရောဂါ တစ်ခုကြောင့်လူအစုလိုက်၂၀ခန့်သေဆုံးနေတယ်ဆိုတဲ့ သတင်းကို ကျန်းမာရေးဌာနနဲ့ တာဝန်ရှိသူတွေသွားစစ်ဆေးရာမှာသတင်းမှားယွင်းနေတယ်လို့ ဆိုပါတယ်။
လမ်းခင်းတဲ့သူတွေကနေတဆင့် လူသေဆုံးသတင်းရခဲ့လို့ သွားရောက်စစ်ဆေးခဲ့ပြီး သတင်းအမှားဖြစ်လို့ မလိုအပ်ပဲတန်ဖိုးရှိတဲ့အချိန်တွေ ဆုံးရှုံးခဲ့ရတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ကပြောပါတယ်။

“မနေ့ကထဲကသတင်းကြားလို့သွားပါတယ်။ မန်တပ်မှာ တစ်ပတ်အတွင်း အယောက်၂၀ရောဂါဖြစ်လို့ အစုလိုက်သေဆုံးတယ်ဆိုတာ မရှိပါဘူး။ ဆရာတို့ သတင်းကြားကြားခြင်း ကိုယ်တိုင်ဆရာတို့ရဲ့ကျန်းမာရေးဝန်ထမ်းတွေ ရယ် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်က တပ်မတော်စစ်ကြောင်းရော ဆရာတို့ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနအဖွဲ့တွေရောသွားတာ မနေ့ကထဲကသွားပါတယ် သတင်းကမဟုတ်ပါဘူး။ မန်တပ်အပြင်အဲ့ကနေ ဟိုအောက်အဝေးကြီးရွာတွေမှာ ရှိတယ်ဆိုလို့ သူတို့ပြောတဲ့ ရွာတွေကိုရောသွားတာ မတွေ့ပါဘူး သတင်းအမှားပါ။
ပြောရရင်တော့လမ်းခင်းတဲ့ကလေးတွေပေါ့။ အဝေးတနေရာကနေ အလုပ်လာလုပ်တဲ့ကလေးတွေကမှ အဲ့ဘက်ကပြန်လာပြီးသူတို့ပြန်လာတော့မှမုန်းရှီးကို ဝင်ပြီး အဲ့သတင်းကိုလွှင့်သွားတာပေါ့သူတို့က။အဲ့လိုလွှင့်သွားပြီး မုန်းရှီးကနေပြီးတော့မှ သက်ဆိုင်ရာထွေအုပ်တို့ဌာနဆိုင်ရာတွေကို သတင်းပေးတဲ့အတွက်ကြောင့်မို့ ဒါသွားပြီးတော့ကြည့်တာပေါ့။
ဆရာတို့ကတော့ သေချာကြည့်ပြီးတော့မှပဲသတင်းမှားတယ်မှန်တယ်ပြောလို့ရမှာမို့ သွားကြည့်တယ်။ ပြည်သူတွေအနေနဲ့အရမ်းကိုအသိထားစရာ တွေရှိလို့ ဒီလိုသတင်းရတာတွေကို ပြောပေမယ့်။ မမှန်တဲ့ သတင်းတွေပြောတာကိုတော့မလုပ်စေချင်ပါဘူး။ ဆရာတို့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ တာဝန်အရ သတင်းရရင်သွားကြည့်ရမှာမှန်ပေမယ့် သတင်းအမှားကျတော့ဆရာတို့အနေနဲ့ပိုပင်ပန်းရတယ်။ ဒီအချိန်မှာဆရာတို့နိုင်ငံအနေန ဲ့ဒီရောဂါဖြစ်တာကိုအားလုံးပူးပေါင်းပြီးတွန်လှန်နိုင်ဖို့အရေးကြီးပါတယ်“လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွှန့်ကပြောပါတယ်။
သတင်း – မေစု
ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်