ကမ္ဘာ့သင်္ချာပြိုင်ပွဲတစ်ခုဖြစ်တဲ့ Southeast Asian Mathematical Olympiad ပြိုင်ပွဲမှာ မြန်မာကျောင်းသား မောင်ထက်ဝေလျှံက အဆင့်(၁)နဲ့ ရွှေတံဆိပ်ရရှိခဲ့ပါတယ်။
Australia နိုင်ငံ Gold Coast ၌ SEAMO X 2020 စာမေးပွဲကြီးကျင်းပခဲ့ရာ နိုင်ငံပေါင်း ၂၀ မှ ပြိုင်ပွဲဝင် ၆၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် ၂၆ ဦး ပါဝင်ယှဉ်ပြိုင်ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲကိုတော့ ဇန်နဝါရီ(၁၈)ရက်က သြစတေးလျနိုင်ငံမှာကျင်းပခဲ့တာဖြစ်ပြီး SEAMO X 2020 Paper D သင်္ချာစာမေးပွဲမှာ မောင်ထက်ဝေလျှံဟာ အမြင့်ဆုံးဆုဖြစ်တဲ့ ရွှေတံဆိပ်ဆုကိုရရှိခဲ့တာပါ။
အဆိုပါပြိုင်ပွဲကို သွားရောက်ယှဥ်ပြိုင်ဖို့အတွက်UAT Maths သချ်ာ ဦးအောင်သောင်းကျောင်းမှ ကြီးမှုးစီစဥ်ပေးခြင်းဖြစ်ကြောင်းသိရပါတယ်။

မောင်ထက်ဝေလျှံဟာ သင်္ချာပြိုင်ပွဲများတွင် မြန်မာ့အဆင့်(၁) အကြိမ်ကြိမ်ရရှိခဲ့သည့်အပြင် ကမ္ဘာ့သင်္ချာပြိုင်ပွဲများတွင် ကမ္ဘာ့အဆင့်နံပါတ်(၁)ဖြင့် မြန်မာ့ဂုဏ်ဆောင်ခဲ့တာ ယခုဆိုရင်(၄)ကြိမ်မြောက်တောင်ရှိခဲ့ပြီလို့ ဆိုပါတယ်။
မြန်မာ့ဂုဏ်ဆောင်နိုင်အောင်၊ မြန်မာပြည်ကို ပြန်လည်အကျိုးပြုသည့် ပညာရှင်ကောင်းဖြစ်လာအောင် မောင်ထက်ဝေလျှံကို ဂုဏ်ပြုအားပေးစကားလေးပြောပေးသွားကြပါဦးနော်။

Writer – Summer Soldier ( The Lifestyle Myanmar )
Source: Sakamoto Maths Myanmar