အဆိုတော်အစ္စဏီကို မုဒိမ်းမှုပုဒ်မ ၃၇၆ အပါအဝင် ပုဒ်မ ၃၂၄/၃၂၃ အရ တာမွေတရားရုံးက ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၇)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
အဆိုတော် အစ္စဏီက မြို့နယ်တရားရုံးရှေ့၌တရားဝင် တောင်းပန်သဖြင့် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၅ ရက်တွင် မော်ဒယ်စူးရှထက်(ခ)မဇာခြည်ဌေးက အမှုကြေ အေးလွှာတွင် လက်မှတ်ရေးထိုးပေးခဲ့သေးသည်။

အမှုမှာ ၂ဝ၁၉ ခုနှစ် ဧပြီလ ၁၂ ရက်က တာမွေမြို့နယ်(ကျောက်မြောင်း) ကျားကွက်သစ်ရပ် ကွက် ဓမ္မဝိဟာရလမ်းရှိ နေအိမ်တွင် အစ္စဏီက အဓမ္မပြုကျင့်မှု၊ ပြင်းထန်နာကျင် စေမှုများ ရရှိစေရန် ပြုလုပ်ခဲ့ကြောင်း မော်ဒယ်လ် စူးရှထက်က တာမွေမြို့မရဲစခန်းသို့ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က မော်ဒယ်လ် စူးရှထက်နဲ့ အစ္စဏီတို့ရဲ့ သတင်းဟာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့တာ အားလုံးသိမှာပါ ။ စူးရှထက်က အဆိုတော် အစ္စဏီကို မုဒိန်းမှု ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု ၊ နာကျင်စေမှုတွေနဲ့ တရားစွဲဆိုခဲ့ပြီး ရုံးချိန်းတွေ အကြိမ်ကြိမ် တက်ရောက်ခဲ့ရပြီး အမှုရင်ဆိုင်ခဲ့ရသလို တရားခံဖြစ်သူအစ္စဏီရဲ့ မိသားစုဝင်တွေလည်း စိတ်ပင်ပန်း လူပင်ပန်းဖြစ်ခဲ့ရပါတယ် ။

ယင်းကြောင့် ရဲစခန်းက (ပ) ၃၆၂/၂၀၁၈၊ ပြစ်မှုဥပဒေပုဒ်မ ၃၇၆/ ၃၂၅/၃၂၄ တို့ဖြင့် အမှုဖွင့်ခဲ့ပြီး မေလ ၁၀ ရက်တွင် တာမွေမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့သော အမှု ဖြစ်သည်။
Source : Lwin Oo