မိုးကုတ်မြို့ ကျောက်တွင်းတစ်ခုအတွင်း အောက်ဆီဂျင်ပြတ်၍ တွင်းအလုပ်သမား ၁၅ ဦး ပိတ်မိသွားခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့က အချိန်မီ ရှာဖွေကယ်ဆယ်နိုင်ခဲ့သည်။
မိုးကုတ်မြို့နယ်၊ညောင်ပင်ကြီးရပ်၊ အုန်းပင်လူးကျင်း ကျောက်တူဖော်ရေးလုပ်ကွက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြေအောက်အနက်ပေ ခုနှစ်ရာခန့်၌ အလုပ်သမား ၁၅ ဦး ပိတ်မိနေသည်ကို မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့၊ ဒေသခံလူမှု့ယ်ဆယ်ရေးအဖွဲ့များနှင့် ကျွမ်းကျင်တွင်းလုပ်သားတို့က ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။
မတ်လ ၁၄ ရက် ညနေ ၄ နာရီ ၃၀ မိနစ်က စတင်ဖြစ်ပွားခဲ့သော အထက်ပါ ဖြစ်ရပ်ကို ထိုနေ့ည ၈ နာရီ ခန့်အထိ ရှာဖွေကယ်ဆယ်ရေး လုပ်ခဲ့ကြရသည်။

ကျောက်တူး လုပ်သား ၁၅ ဦးစလုံးကို အသက်ရှင်လျှက် ကယ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ယနေ့ နံနက်တွင် သတင်းထုတ်ပြန်ထားသည်။
မိုးကုတ်တွင် ကျောက်တွင်းပြို၍ ပိတ်မိသွားသူနှစ်ဦးကို ကယ်ဆယ်ရေးမလုပ်နိုင်သေးမီ အထက်ပါ ဖြစ်ရပ် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

မိုးကုတ်မြို့ မြေမဲကျေးရွာရှိ ကျောက်တွင်း တစ်တွင်းသည် မတ်လ ၇ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ် ခန့်က ပြိုကျရာ ကျောက်တူး နေသူ အမျိုးသားနှစ်ဦး ပိတ်မိခဲ့သည်။
မိုးကုတ်မြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်များအပါအဝင် ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေနေရာမှ ကျင်းထပ်ပြိုမည်ကို စိုးရိမ်၍ မတ်လ ၉ ရက် တွင် ကယ်ဆယ်ရေး ရပ်နားခဲ့သည်။
ကျင်းထဲမှ လူနှစ်ဦး သေဆုံးသည် မသေးဆုံးသည်ကို အတည် မပြုနိုင်သေးဘဲ ကယ်ဆယ်ရေးရပ်နားလိုက်ရခြင်းဖြစ်၍ မန္တလေးတိုင်းမီးသတ်ဦးစီးဌာန ဦးစီးမှူး ဦး ဆောင်ကာ နောက်တစ်ကြိမ်ရှာဖွေရန် စီစဉ်ခဲ့သည်။
သို့သော် မြေပြင်အခြေအနေကို စစ်ဆေးရာ ကျောက်တွင်းထပ်ပြိုမည့် အန္တရာယ်ရှိနေ၍ ယင်းအစီအစဉ်ကိုပါ ဖျက်သိမ်းလိုက်ရသည်။
Source: မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန