ကိုရိုနာဗိုင်းရပ်စ်၏ရိုက်ခတ်မှုကို ဆိုးရွားစွာကြုံတွေ ့နေရသည့် အီတလီနိုင်ငံ၌ ဗိုင်းရပ်စ်ကို ရှေ ့ဆုံးတန်းမှ ရင်ဆိုင်တိုက်ခိုက်နေရသည် ့ ကျန်းမာရေးနယ်ပယ် မှ လုပ်သားများတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်း မြင့်တက်လာနေသလို နောက်ဆုံးထုတ်ပြန်ခဲ့သည့် စာရင်းများ အရတစ်နိုင်ငံလုံးတွင်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသည့် ဆရာဝန်ပေါင်း ၁၃ ဦးအထိ ရှိသွားပြီဟု သိရသည်။

ဆရာဝန် ၅ ဦးထပ်မံသေဆုံးသွားခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသည့် ဆရာဝန် ၁၃ ဦးရှိလာခြင်းဖြစ်သလို ဗိုင်းရပ်စ်ကူးစက်ခံရသည့် ကျန်းမာရေး ဝန်ထမ်းပေါင်း ၂၆၂၉ ဦးရှိနေပြီဟု သိရသည်။
ထပ်မံသေဆုံးခဲ့သည့် ဆရာဝန် ၅ ဦးအနက်မှ ၂ ဦးမှာ အသက် ၇၀ ကျော်အရွယ်များဖြစ်ပြီး အနားယူထားကြသူများဖြစ်သော်လည်း နိုင်ငံတွင် ရင်ဆိုင်နေ ရသည့် ကိုရိုနာဗိုင်းရပ်စ် အခက်အခဲကို ကူညီခဲ့ရာမှ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သေဆုံးသွားကြခြင်းဖြစ်သည်။
အီတလီနိုင်ငံမြောက်ပိုင်းလွန်ဘာဒီပြည်နယ် ခရီမိုနာ စီရင်စုရှိ ခရီမက်စ်ကိုဆေးရုံ၏ ဒါရိုက်တာဟောင်းတစ် ဦးဖြစ်သည့် Luigi Ablondi၊ခရီမိုနာရှိဆေးရုံတစ်ခုမှ ဆရာဝန် တစ်ဦးဖြစ်သည့် Giuseppe Finzi၊ ဘာဂါမိုရှိ အထွေထွေရောဂါကုဆရာဝန်တစ်ဦးဖြစ်သည့် Antonino Buttafuoco တို ့သေဆုံးခဲ့ပြီးနောက် ကျန်းမာရေးလုပ်သား ၂ ဦးထပ်မံသေဆုံး သွားခဲ့ကြောင်း အီတလီဆရာဝန်များအစည်းအရုံးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Dr Buttafuoco မှာ ဗိုင်းရပ်စ်တွေ ့ရှိပြီးနောက် အသက် ၆၆ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ် သည်။

Dr Giuseppe Finzi မှာ အသက် ၆၂ နှစ်ရှိ ဆရာဝန် တစ်ဦးဖြစ်ကာ ပါးမား တက္ကသိုလ်ဆေးရုံတွင် အလုပ် လုပ်နေသည် ဆရာဝန်ဖြစ်သည်။ ၄င်းမှာ ယခင်က ဆိုရက်ဂျ်ညာမြို ့တော်ဝန်အဖြစ်လည်း တာဝန်ထမ်း ဆောင်ခဲ့ဖူးသူဖြစ်သည်။
Dr Luigi Ablondi မှာ အသက် ၆၆ နှစ်ရှိုပြီဖြစ်ပြီး ၄င်း ၁၁ နှစ်ကြာအလုပ်,လုပ်ကိုင်လာခဲ့သည့် ခရီ မက်စ်ကိုဆေးရုံ၌ပင် ပြီးခဲ့သည့် တနင်္လာနေ ့က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ထို ့အတူ ကိုမိုမြို ့ရှိ Sant’Anna ဆေးရုံမှ အဆုတ်နှင့်ရင်ခေါင်းပိုင်းဆိုင်ရာ အထူးကု ဆရာဝန်တစ်ဦးဖြစ် သူ Giuseppe Lanati နှင့်ဆက်ဂ်နီနိုမှ ဆရာဝန်တစ် ဦးဖြစ်သည့် Luigi Frusciante တို ့သည်လည်း ပြီးခဲ့သည့် တနင်္ဂနွေနေ ့က ကွယ်လွန်သွားပြီဖြစ်ကြောင်း အီတလီဆရာဝန်များအသင်းမှ ထုတ်ပြန်မှုများအရ သိရသည်။

Both Lanati (၇၃ နှစ် ) နှင့် Frusciante( ၇၁ နှစ် ) တို ့ ၂ ဦးစလုံးမှာ အနားယူ ထားပြီးကြသူများဖြစ်သော်လည်း နိုင်ငံတွင် ကြုံတွေ ့နေသည့် ကပ်ဆိုးအတွင် ဝိုင်းဝန်းကူညီခဲ့ကြရာမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးခဲ့ကြခြင်းဖြစ်သည်။
အီတလီတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ကျန်းမာရေးလုပ်သားပေါင်း ၂၆၂၉ ဦးရှိနေပြီဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ ဗိုင်းရပ်စ်ကူးစက်ခံထားရသူများ၏ ၈.၃ % လည်း ဖြစ်နေသည်။ ထို ့အတူ အီတလီတစ်နိုင်ငံလုံးမှ ကျန်းမာရေး လုပ်သားများ၏ ၀.၃% တွင် ဗိုင်းရပ်စ် ကူးစက်ခံထားရမှုလည်း ဖြစ်နေသည်။
ယခုကဲ့သို ့ ကျန်းမာရေးဝန်ထမ်းများတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ပိုမိုများပြားလာရာ ဗိုင်းရပ်စ်ကူးစက် ခံထားရသူများနှင့် နေ ့စဉ် ထိတွေ ့နေရသည့် ကျန်းမာရေးလုပ်သား များအတွက် စိုးရိမ်ပူပန်မှုများလည်း ပိုမို မြင့်တက်လာသည်။

အီတလီမှကျန်းမာရေးဆိုင်ရာအဖွဲ ့အစည်းတစ်ခုဖြစ် သည့် Gimbe ဖောင်ဒေးရှင်း၏ ဥက္ကဌ Nino Cartabellotta ၏အဆိုအရ အီတလီမှ ကျန်းမာရေးလုပ်သားများတွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ နောက်ဆုံး ၈ ရက်အတွင်း ၁၅၀၀ ကျော်ရှိခဲ့ပြီး ကျန်းမာရေး လုပ်သားများအတွက် ကာကွယ်မှုများ မလုံလောက်ဟု အီတလီမီဒီယာများ ကိုပြောကြား ခဲ့သည်။
အီတလီနိုင်ငံတွင် ပိတ်ဆို ့တားဆီးထိန်းချုပ်မှုများပြုလုပ်ထားရာ အချို ့ဒေသများတွင် လာမည့် ဧပြီ ၁ ဗုဒ္ဓဟူးနေ ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ သို ့သော် လက်ရှိအခြေအနေများအရ ပို၍ ဖိဖိစီးစီးတင်းတင်းကျပ်ကျပ်လုပ်ရမည်ဖြစ်ပြီး ပိတ်ဆို ့တားဆီးထိန်းချုပ်ရေးကာလကိုလည်း မူလက သတ်မှတ်ထားသည့် နောက်ဆုံး ရက်ထက်ထပ်တိုးရတော့မည်ဟု အီတလီ ဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက သတိပေးလိုက်သည်။
Source: Daily Mail