အီတလီတွင်မနေ့က တစ်နေ့တည်း Covid-19 ဖြင့် လူ ၉၁၉ ဦးသေဆုံးကာ ယခုဆိုလျှင် နိုင်ငံတွင်းသေဆုံးသူစုစုပေါင်း ၉၁၃၄ ဦးရှိပြီလဲဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Mr.Tedros ရဲ့ပြောစကားအရဆိုလျှင် ယခုလောက် ပမာဏများများသေဆုံးနေမှုဟာ အသက်ရှူဖေးကူ ကိရိယာမလုံလောက်မှုနဲ့ ဆေးရုံသုံးအကာအကွယ် ပစ္စည်း ပြတ်လပ်မှုကြောင့်လို့ဆိုပါတယ်။ ဒါကြောင့်အီတလီ ရဲ့ အပြက်မထွက်ရအမိန့်ကို April ၃ ရက်နေ့ နောက်ပိုင်းအထိ ထပ်တိုးသွားမယ်လို့သိရပါတယ်။

ယခုသေဆုံးမှုရဲ့အများစုကတော့ ရောဂါကို အခံရဆုံးဒေသဖြစ်တဲ့ အီတလီမြောက်ပိုင်းက Lombardy ဒေသပဲဖြစ်ပါတယ်။ ဒါ့အပြင် ထပ်တိုးကူးစက်ခံရသူ ၅၉၅၉ ဦးရှိကာ နိုင်ငံအတွင်း ကူးစက်ခံရသူ စုစုပေါင်းဟာ ၈၆,၅၀၀ ရှိပြီဖြသ်ပါတယ်။ ယခုရောဂါဒဏ်ကို လူနေမှုအဆင့်နဲ့ ဝင်ငွေနည်းပါးသူအများအပြားနေထိုင်တဲ့ အီတလီတောင်ပိုင်းကလူတွေပိုခံရမှာကို စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် ဗဟိုအစိုးရက ပြည်နယ်အသီးသီးရဲ့ လိုအပ်တဲ့ ဆေးဝါးနဲ့ ပစ္စည်း တွေကို အလုံအလောက်မထောက်ပံ့နိုင်တာကိုလည်း တွေ့ရပါတယ်။
ဒီအချက်တွေကြောင့်ပဲ မြောက်ပိုင်းက ဆိုးရွားမှုဟာ အီတလီတောင်ပိုင်းကို ရောက်လာလိမ့်မယ်လို့ စိုးရိမ်တကြီးပြောဆိုနေကြပါတယ်။ ဝန်ကြီးချုပ်ကတော့ ဥရောပတစ်တိုက်လုံး ဒီဒဏ်ကိုခံစားနေကြရပြီး နောက် ယူရို ၂၅ဘီလီယံ ဘတ်ဂျက်ကို ထပ်မံခွင့်ပြုသွားမယ်လို့လည်း ကတိပေးထားပါတယ်။

ဥရောပတခွင်ကိုကြည့်ပါက အီတလီနောက် ရောဂါဒဏ်အခံရဆုံးဟာ စပိန်ဖြစ်ပြီး သေဆုံးမှုနှုန်းဆက်လက်မြင့်တက်နေပါတယ်။ သို့ပေမဲ့ ကူးစက်ခံရမှုကတော့ပုံမှန်ပါပဲ။ ကူးစက်ခံသူဦးရေကတော့ ၆၄,၀၅၉ ဦးရှိပြီဖြစ်ပါတယ်။ ၂၄ နာရီအတွင်းသေဆုံးသူ ၇၆၉ ဦးရှိပြီး စုစုပေါင်းသေဆုံးသူဦးရေ ၄၈၅၈ ရှိပြီလည်းဖြစ်ပါတယ်။
မနေ့ညက နောက်ဆုံးသတင်းအရ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ဟာ အသင့်အတင့်ရောဂါအခြေအနေဖြစ်ပေါ်တဲ့အတွက် စစ်ဆေးကြည့်ရာမှာတော့ ရောဂါကူးစက်ခံရကြောင်းအတည်ပြုခဲ့ပြီး Covid-19 တိုက်ဖျက်ရေးလုပ်ငန်းတေွကိုတော့ဆက်လက်ဦးဆောင်သွားမှာဖြစ်ပါတယ်။

ပြင်သစ်မှာတော့ ၂၄ နာရီအတွင်းသေဆုံးသူ ၂၉၉ ယောက်ရှိပေမဲ့ သေဆုံးမှုနှုန်းကျသွားတယ်လို့ပြောလို့ရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် ကူးစက်ခံရသူ ၃၃,၀၀၀ နဲ့ သေဆုံးသူ ၁၉၉၅ ဦးပါ။ ပြင်သစ်နိုင်ငံလည်း အပြင်မထွက်ရအမိန့်ကို April ၁၅ အထိ ထပ်တိုးလိုက်ပါတယ်။
တစ် ကမ္ဘာ လုံးအတိုင်းအတာနဲ့ဆိုလျှင် ကူးစက်ခံရသူ ၅၄၀,၀၀၀ ၊ သေဆုံးသူ ၂၄,၀၀၀ နဲ့ ပြန်လည် သက်သာပျောက်ကင်းသူ ၁၂၄,၀၀၀ ဦးဖြစ်ပါတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source- BBC