မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း လူကာကူဟာ ယူနိုက်တက်အသင်းမှာ ရှိစဉ်က နည်းပြမော်ရင်ညိုနဲ့ အတူ လက်တွဲခဲ့ဖူးသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း မော်ရင်ညိုဟာ ယူနိုက်တက် အသင်းကို အောင်မြင်မူရရှိအောင်စွမ်းဆောင်နိုင်ခြင်းမရှိခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရ ပြီး လက်ရှိနည်းပြဆိုးလ်ရှားနဲ့ အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။
မော်ရင်ညိုရဲ့လက်အောက်မှာ ကစားခဲ့ တဲ့ လူကာကူကတော့ ယူနိုက်တက်အသင်းမှာ မော်ရင်ညိုမအောင်မြင်ခဲ့ရတဲ့အ ကြောင်းအရင်းတစ် ချက်ကို ပြောပြသွားခဲ့တာဖြစ်ပါတယ်။ လူကာကူအနေနဲ့ ကစားသမားဘဝတစ်လျှောက်မှာ သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကို ထုတ်ယူ နိုင်တဲ့ နည်းပြစာရင်းမှာ မော်ရင်ညိုကိုလည်း ထည့်သွင်းခဲ့ပြီး ယူနိုက်တက်အသင်းမှာ မအောင်မြင်ခဲ့တဲ့ အကြောင်းကိုလည်း ဆက်လက်သုံးသပ်သွားခဲ့တာဖြစ် ပါတယ်။

“ ကျွန်တော့်ရဲ့ခြေစွမ်းကို အကောင်းဆုံး ထုတ်ယူနိုင်တဲ့နည်းပြတွေ ကိုပြောရမယ်ဆိုရင် ရောဘတ်တိုမာတီ နက်ဇ်(ဘယ်လ်ဂျီ ယံနည်းပြ)၊ရော်နယ်ကိုးလ်မန်းနဲ့ အန်တိုနီယိုကွန်တီတို့ကို ထည့်သွင်းရမယ်ထင် ပါတယ်။ နောက်ပြီး တော့ မော်ရင်ညိုလည်းပါဝင် ပါတယ်။ ယူနိုက်တက်မှာတုန်းက သူလိုချင်တဲ့ ကစားသမားတွေသာ ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ လုပ်ဆောင်ခဲ့မူတွေထက် ပိုကောင်းအောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်” လို့ လူကာကူကသုံးသပ်ပြောပြသွားခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး လူငယ်ကစားသမားဘဝက အသင်းကြီးဆီကို ခေါ်ဆောင်ခဲ့တဲ့ နည်းပြ စတိဗ်ကလက်နဲ့ အသက် ၁၆နှစ်အရွယ်ကလေ့ကျင့်သင်ကြားပေးခဲ့တဲ့ အန်ဒါလက်ချ် နည်းပြ အေရီယယ်ဂျက်ကော့ ကိုလည်း လူကာကူက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို အကောင်းဆုံး ထုတ် ယူနိုင်ခဲ့တဲ့ နည်းပြတွေစာရင်းမှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လူငယ်တွေကို နေရာပေးဖို့ ဆုံးဖြတ်ထားတာကြောင့် သူထွက် ခွါခဲ့တာဟာ လည်း မှန်ကန်ခဲ့ပြီး နှစ်ဖက်စလုံးအတွက် Win-Win Situation ဖြစ်ခဲ့တယ်လို့ လူကာကူ ကဆိုခဲ့ပါတယ်။
Jack ( Sports Reader )