စပါးအသင်းနည်းပြ ဂျိုဆေးမော်ရင်ညိုဟာ နည်းပြပိုချက်တီနိုရဲ့နေရာကို အစားထိုးဝင်ရောက်လာချိန် မှာ အဓိကကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်ကို ဆက်လက်ထိန်းထားနိုင်ဖို့က ပစ်မှတ် တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်မော်ရင်ညို အနေနဲ့ အသင်းရဲ့ အမာခံ ကစားသမားတစ်ဦးကို ဆက် ထိန်းနိုင်ဖို့ စည်းရုံး နိုင်ခြင်းမရှိခဲ့ဘဲ အင်တာမီလန်အသင်းဆီကို လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။
အဲရစ်ဆင်ကို ဆက်ပြီးထိန်းထားနိုင်ခြင်းမရှိတဲ့အပေါ်မှာတော့ နည်းပြ မော်ရင်ညိုက ဝန်ခံစကား တစ်ခု ဆိုသွားခဲ့ပြီး သူအသင်းကို ရောက်ရှိလာချိန်ကတည်းက အဲရစ်ဆင် အနေနဲ့ အသင်းကနေ ထွက်ဖို့ အတွက် ဆုံးဖြတ်ပြီးသားဖြစ်တယ်လို့ ထုတ်ဖော်ပြောပြသွားခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆင်ထွက်ခွါသွား တဲ့အပေါ်မှာမော်ရင်ညိုကသုံးသပ်ရာမှာတော့ “ကျွန်တော်အသင်းကိုစရောက်တဲ့နေ့ကတည်းက စာချုပ်သစ်ချုပ်ဖို့ လက်မှတ်ထိုးမှာမဟုတ်ကြောင်းသူပြောပြခဲ့ပြီးသားပါ။ခရစ္စတီယန်က ဆုံးဖြတ်ချက် ချပြီးပြီလို့ ကျွန်တော့်ကို ပြောခဲ့ပြီး ရွေးချယ်စရာ တခြားနည်းလမ်းမရှိတော့ဘူးလို့လည်းပြောတယ်။အဲ ဒီကတည်းက အသင်းကို တည်ဆောက်ရာမှာ သူ့ကို ထည့်သွင်းထားခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်လည်း ကျွန်တော် သူ့ကို ပွဲအများကြီး မကစားစေခဲ့တာဖြစ်ပါတယ်” လို့ မော်ရင်ညိုက ပြောပြသွားခဲ့ တာဖြစ် ပါတယ်။

ဆက်လက်ပြီးအဲရစ်ဆင်အပေါ်မှာ သုံးသပ်ရာမှာတော့ မော်ရင်ညိုက “ခရစ္စတီယန်က အဝတ်လဲခန်း ထဲမှာလည်း ကောင်းမွန်တဲ့သူတစ်ဦးပါ။ အသင်းကနေ ထွက်ခွါလိုသူတစ်ယောက်ဖြစ်ပေမယ့် လည်း လေးစားမူရှိရှိနဲ့ အကောင်းမြင်စိတ်တွေအမြဲတမ်းထားရှိခဲ့ပါတယ်။ဒါပေမယ့် လည်း အဲဒီလို အခြေအနေ မှာ အကန့်အသတ်လေးတွေကတော့အမြဲတမ်းရှိပါတယ်။တချို့ပွဲတွေမှာ အဲရစ်ဆင် အစစ် တစ်ယောက်လို ခံစားမိမှာမဟုတ်တာ သိကြမှာပါ။ ဒါက ဖြစ်ရိုးဖြစ်စဉ်ပါပဲ” လို့မော်ရင်ညိုက ပြောပြသွားခဲ့တာဖြစ်ပါတယ်။မော်ရင်ညိုဟာအဲရစ်ဆင်ကိုလက်လွှတ်ခဲ့ရပေမယ့်လည်း ပီအက်စ်ဗွီ တိုက်စစ်ကစားသမား ဘာ့ချ်ဝင်ကို ခေါ်ယူအားဖြည့်နိုင်ခဲ့ပါတယ်။

Jack ( Sports Reader )