ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် မဟာသင်္ကြန်ကာလအပြီး နှစ်ဆန်း(၁)ရက်နေ့ တောင်ဒဂုံမှာ ဖြစ်ပွားခဲ့တဲ့ “မြမြ”လို့အမည်ရတဲ့ မိန်းကလေးတစ်ယောက် မတရားအကျင့်ခံရပြီး အသတ်ခံခဲ့ရကြောင်းဝင်ရောက်ပူးကပ်ပြောဆိုခဲ့တာကို မှတ်မိဦးမယိထင်ပါတယ်။
တချို့ကလည်း အခုလို ဝင်ရောက်ပူးကပ်ပြောဆိုတာဟာ မဖြစ်နိုင်ဘူး လုပ်ကြံဇာတ်လမ်းဖြစ်တယ်လို့ ပြောဆိုနေတာတွေ့ရသလို တချို့ကလည်း ဝင်ရောက်ပူးကပ်တာကို မျက်မြင်တွေ့ရှိခဲ့ရတယ်လို့လည်း ပြောဆိုနေခဲ့ပြီး “မြမြ”ကိစ္စဟာ တကယ် ရှိမရှိကို သေချာရေရာတဲ့အဖြေကတော့ အခုချိန်ထိထွက်ရှိလားခြင်းမရှိသေးပါဘူး။

မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဒါရိုက်ကာညိုမင်းလွင်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး “မြမြ”လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၃၀)ရက်နေ့မှာတော့ “မြမြ”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ပြီး လာမယ့် (၆)ရက်နေ့မှာတော့ မြန်မာတပြည်လုံးကို ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ ကာယကံရှင်ဖြစ်သူ “မြမြ”အတွက် စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက အလှူလေးပြုလုပ်ပေးခဲ့ပါတယ်။ ရေစက်ချအမျှပေးဝေချိန်မှာတော့ “မြမြ”ကထပ်မံဝင်ရောက်ပူးကပ်ခဲ့ပါတယ်။
အရင်ကဝင်ရောက်ပူးကပ်ခဲ့တဲ့ မခင်ဇာခြည်လွင်ကိုပဲဝင်ရောက်ပူးကပ်ခဲ့တာဖြစ်ပြီးမခင်ဇာခြည်လွင်ဟာ ဒီကိစ္စကြောင့် လိမ်တာပါဆို ဝေဖန်ပြောဆိုနေခဲ့ရတာကြောင့်လည်း အချိန်တော်တော်ကြာကြာ နေအိမ်မှာတောင် မနေဘဲ ဆွေမျိုးတစ်ယောက်ရဲ့ အိမ်မှာ သွားရောက်နေထိုင်ခဲ့ရပါသေးတယ်။
ပရိသတ်ကြီးရေ “မြမြ”ကတော့ လက်စားမချေရသေးလို့ မကျွတ်လွတ်နိုင်သေးဘူးဆိုပြီး အမျှပေးဝေတာကို သာဓုလုံးဝမခေါ်ပါဘူးတဲ့။