တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံရောက်ချိန်တွင် မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းပေးရန် ရန်ကုန်မြို့ရှိ တရုတ်သံရုံရှေ့တွင် ဆန္ဒ ထုတ်ဖော်မည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်မည့်သူ တစ်ဦးဖြစ်သော ကိုုမြတ်ကျော်က The Ladies News သို့ပြောကြားထားတယ်လို့ သိရပါတယ်။
တရုတ်သမ္မတ၏ ဇန်နဝါလ ၁၇၊ ၁၈ နှစ်ရက်တာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများ အကြောင်းကို ဆွေးနွေး မှာဖြစ်ပြီး မြစ်ဆုံအရေး တက်ကြွလှုပ်ရှားသူများကတော့ ၁၈ ရက်နေ့ တွင် မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်း ပေးရန် ဆန္ဒထုတ်ဖော်မည် ဖြစ်သည်။

ကိုမြတ်ကျော်က ” တရုတ်သံရုံးဘေးမှာ စုရပ်လုပ်ပါမယ်။ ၁၈ ရက် နေ့လယ် ၂ နာရီမှာပါ။ အဓိကတော့ တရုတ်သမ္မတ လာတာကို ကျွန်တော်တို့က ကြိုဆိုပါတယ်။ ဒါပေမယ့် မြစ်ဆုံစီမံကိန်းက ကျွန်တော် တို့ တိုင်းပြည်အနာဂတ်ရော လက်ရှိအကျိုးစီးပွားရောကိုပါ ထိခိုက်တဲ့ အတွက် လက်မခံနိုင်ကြောင်း သိစေချင်တယ်။ နောက်ပြီးတော့ ဒီအတိုင်းပဲပေါ့လေ။ ဒီတိုင်းပြည်မှာရှိတဲ့ သယံဇာတ ရင်းမြစ်တွေကို ကာကွယ်လိုစိတ်နဲ့ လုပ်တဲ့ပွဲမျိုး ဖြစ်ပါတယ်” ဟု ဆိုသည်။
၂၀၀၉ ခုနှစ်က သမ္မတရှီကျင့်ဖျင် ဒုတိယသမ္မတ တာဝန်ဖြင့် မြန်မာနိုင်ငံ ကို ရောက်ရှိချိန်တွင် ဧရာဝတီမြစ်ဆုံ စီမံကိန်းကို လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။
ပြည်သူလူထု၏ ကန့်ကွက်မှုများကြောင့် ၂၀၁၁ တွင် သမ္မတဦးသိန်းစိန် က ၎င်းသက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။ ယခု ဒုတိယအကြိမ် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်း အကြောင်း ဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု လေ့လာသူများက သုံးသပ် နေကြသည်။