နယူးကာဆယ်အသင်းဟာ အသင်းရဲ့ပိုင်ဆိုင်မူအားလုံးကို ရောင်းချလိုက်ဖို့အ တွက် ဆွေးနွေး မူ တွေပြန် လည်စတင်တော့မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ကာဆယ်အသင်းပိုင်ရှင်ဖြစ်သူ မိုက် အက်ရှ်လေဟာ အသင်းပရိသတ်တွေရဲ့ ဝေဖန်မူတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ နည်းပြ ဘင်တီနက်ဇ်ကို ထွက်ခွါခွင့်ပြုခဲ့ သလို အသင်းတိုက်စစ်မှူး အရိုဇီပီ ရက်ဇ်ကို လက်စတာအသင်းကို ရောင်းချခဲ့ပြီးနောက်မှာ ဆန္ဒပြမူတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။

လက်ရှိအချိန်မှာတော့ အသင်းပိုင်ရှင် အက်ရှ်လေဟာ အသင်းရဲ့ အလုံးစုံပိုင်ဆိုင်မူအားလုံးကို ရောင်းချ ဖို့ အတွက် ဝယ်ယူသူ ၂ဦးနဲ့ ပြန်လည် ဆွေးနွေးတော့မယ်လို့သိရပါတယ်။ မိုက်အက်ရှ်လေဟာ ၂၀၁ရခုနှစ်ကတည်းက အသင်းကို ရောင်းချဖို့အတွက် ဆွေးနွေးခဲ့ပေမယ့်လည်း အဆင်မပြေဖြစ်ခဲ့ တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့နယူးကာဆယ်အသင်းကို ဝယ်ယူဖို့အတွက် ဆော်ဒီအရေဗျ မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ကလည်း ကမ်းလှမ်းမူတွေရှိနေပြီး သူ့ရဲ့ ကြွယ်ဝချမ်းသာမူတွေနဲ့ အတူ နယူးကာဆယ်အသင်းကို ထိပ်တန်းအသင်းတစ်သင်းအဖြစ် တည်ဆောက်ဖို့ ရည်မှန်းချက် ထားနေတာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းကို ၂၀၁ရခုနှစ်က ဝယ်ယူဖို့ကမ်းလှမ်းခဲ့ဖူးတဲ့ အမာဒါစတာဗယ်လီ အုပ်စု ဟာလည်း အသင်းကို ပြန်လည် ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အသင်းပိုင်ရှင်း အက်ရှ်လေကတော့ ကာဆယ်အသင်းကို ပေါင်သန်း၃၄၀ ဝန်းကျင်နဲ့ ရောင်းချဖို့ အတွက် အကြမ်း မျဉ်း တန်းဖိုးသတ်မှတ်ထားတယ်လို့သိရပါတယ်။ကာဆယ်အသင်းဟာ လက်ရှိအချိန်မှာရလဒ် တွေ ကျဆင်းနေတာကြောင့် အသင်းပရိသတ်တွေရဲ့ စိတ်ပျက်မူတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ကိုင်မြှောက်ခဲ့ဖူးတဲ့အစဉ်အလာရှိ အသင်းတစ်သင်းဖြစ်တာကြောင့် ပိုင်ရှင်သစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲမူတွေနဲ့ ထိပ်တန်း အသင်းဖြစ်လာဖို့ ရှိနေတာဖြစ်ပါတယ်။ အထူးသဖြင့် ဆော်ဒီ မင်းသား ဘင်ဆယ်လ် မန် သာ ဝယ်ယူခွင့်ရရှိခဲ့မယ်ဆိုရင်တော့ မန်စီးတီးအသင်းကို ယူအေအီးစော်ဘွားသူဌေးတွေ ဝယ်ယူစဉ် ကလို ပြုပြင်ပြောင်းလဲမူတွေ လုပ်လာဖို့ရှိနေတာဖြစ်ပါတယ်။
Jack ( Sports Reader )