မန်စီးတီးတိုက်စစ်မှူးအဂွဲရိုးဟာအက်စ်တွန်ဗီလာအသင်းကို ၆ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဟတ် ထရစ်သုံးဂိုးသွင်းယူနိုင်ခဲ့ပြီးပရီးမီးယားလိဂ်မှာ သွင်းဂိုးမှတ်တမ်းစံချိန်တင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီစံချိန်တင်ထားတဲ့ နိုင်ငံခြားသားကစားသမားတွေထဲမှာ ဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

သွင်းဂိုး၁၈ဝနဲ့ ပရီးမီးယားလိဂ်သမိုင်းမှာလည်း စတုတ္ထမြောက် ဂိုးအများဆုံးသွင်းယူသူဖြစ်လာတဲ့ အဂွဲရိုးဟာ အန်ဒီကိုးလ်(၁၈၇)၊ ၀ိန်းရွန်းနီ(၂၀၈) ဂိုး တို့ကို လိုက်မီဖို့လည်း အခြေအနေကောင်းနေတာဖြစ်ပါတယ်။ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ရဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားဖြစ်သူ အလန်ရှီးယားရဲ့ ၂၆၀ ဂိုးကို လိုက်မီဖို့တော့ အလွန် ခက်ခဲသွားတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပရီးမီးယားလိဂ်မှာ နိုင်ငံခြားသားကစားသမားတွေထဲမှာ ဂိုးအများဆုံးသွင်းယူသူဆိုတဲ့ ဂုဏ်ပုဒ်၊ စတုတ္ထမြောက် ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမား၊ဟတ်ထရစ် ၁၂ကြိမ် ရခဲ့တဲ့ ကစား သမား အစရှိတဲ့ဂုဏ်ပုဒ်တွေအပေါ်မှာတော့ ကျေနပ်ဂုဏ်ယူမိကြောင်း အဂွဲရိုးက ဖွင့်ဟလာခဲ့တာဖြစ် ပါတယ်။

“ ကျွန်တော့်အတွက်တော့ ပရီးမီးယားလိဂ်မှာ ဂိုးအများသွင်းယူနိုင်တဲ့ နိုင်ငံခြားသားကစားသမားဖြစ် လာတာကအလွန်အရေးကြီးပါတယ်။ ဟတ်ထရစ်အများဆုံး ရရှိသူဖြစ်လာတဲ့အပေါ်မှာရော ပရီးမီးယားလိဂ်ရဲ့ သမိုင်းဝင်အစိတ်အပိုင်းတစ်ခုဖြစ်လာတဲ့အပေါ်မှာ ကျေနပ်မိပါတယ်။ ဒါက အမှန် တကယ်ထူးခြားပြီး ကျွန်တော် ကစားသမားဘဝအတွက် အလွန်ပျော်ရွှင်မိပါတယ်။ အက်စ်တွန်ဗီ လာနဲ့ ပွဲက ကျွန်တော့်အတွက် အဓိပ္ပါယ်တွေအများကြီးပေးခဲ့တယ်။ တစ်ပွဲတည်းမှာပဲ စံချိန်၂ခုကို ဖြတ် ကျော်ခဲ့တယ်။ အကောင်းဆုံးအရာတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ပစ်မှတ်ထား နေပြီး သမိုင်း မှတ်တမ်းသစ်တွေလည်းရေးထိုးသွားချင်ပါတယ်” လို့ အဂွဲရိုးကပြောပြသွားခဲ့တာဖြစ်ပါတယ်။
အဂွဲရိုးဟာ မန်စီးတီးအသင်းနဲ့ ၁၈လစာချုပ်သက်တမ်းကျန်ရှိသေးတာကြောင့် အလန်ရှီးယားရဲ့ ဂိုးအများဆုံးစံချိန်ကို မီဖို့ ခက်ခဲပေမယ့်လည်းအန်ဒီကိုးလ်နဲ့ ရွန်းနီးတို့ရဲ့စံချိန်တွေကိုတော့ ချိူးဖျက် နိုင်ဖို့ အခွင့်အရေးတွေရှိနေတာဖြစ်ပါတယ်။
Jack ( Sports Reader )