ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် CB ဝန်ထမ်းများကို အမျိုးသား၂ဦးက သေနတ်ဖြင့်ချိန်ကာ ငွေသိန်း ၆၀၀ ယူဆောင်ထွက်ပြေးမှု ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပင်လုံလမ်းမကြီးပေါ်ရှိ မြောက်ဒဂုံ CB ဘဏ်ခွဲ ဓားပြတိုက်ခံရပြီး ဗုံးထောင်ထားခဲ့မှု ယနေ့နံနက်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဘဏ် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူကို အမည်မသိ အမျိုးသားနစ်ဦးမှ သေနတ်နှင့် ထောက်ကာ ဘဏ်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် ဘဏ်ကောင်တာရှိဝန်ထမ်းအမျိုးသမီးကို သေနတ်ဖြင့်ချိန်၍ ငွေ သိန်း ၆၀၀ ယူဆောင်ကာ အဖြူရောင် ပရိုဘောက်ဖြင့် ဘဏ်အရှေ့မှ (၃၅) ရပ်ကွက် အဏ္ဏဝါ လမ်းအတိုင်း ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ကနဦး သိရ သည်။
အဆိုပါနေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များမှ လုံခြုံရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
