ယခုရက်ပိုင်းအတွင်း မြောက်ကိုရီးယားဟာ လက်နက်စမ်းသပ်မှုတွေ ခပ်စိပ်စိပ်လုပ်နေတာ သိပြီးသားဖြစ်မှာပါ။ သို့ပေမယ့် တစ်ခုသတိထားမိတာကတော့ နောက်ပိုင်းသတင်းဓါတ်ပုံတွေမှာ မြောက်ကိုရီးယားထိပ်တန်းအရာရှိတော်တော်များများဟာ ရောဂေါကာကွယ်စေဖို့ Face Mask တွေအသုံးပြုလာတာတွေ့ ရပေမယ့် ခေါင်းဆောင်ကြီးကင်ဂျုံအမ်ကတော့ ရောဂါက သူ့ကို မတိုးနိုင်ဘူး ထင်နေပုံရပါတယ်။

ယခုလက်ရှိအနေအထားအရ Coronavirus ဟာသွားလျော့တွက်လို့မရပါဘူး။ လူစုလူဝေးများတဲ့နေရာတွေကို သွားရောက်ဖို့ရှိတယ်ဆို Mask ဟာ ဝတ်ကိုဝတ်ဆင်သင့်ပါတယ်။ ကင်ဂျုံအမ်ဟာ နိုင်ငံခြားသား ရာကျော်နဲ့ ပြည်သူထောင်ဂဏန်းကို သီးသန့်ခွဲနေဖို့ အမိန့်ထုတ်ခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ Mask တောင်မဝတ်ပါဘူး။
မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနတွေက မကြာခဏပြည်သူတွေကို ရောဂါအသိပညာပေးတွေကို ထုတ်လွှင့်ပေးနေပြီး အတိအကျလိုက်နာကျဖို့လည်း သတိပေးနေတာပါ။ မလိုက်နာတာ သူတစ်ယောက်ပဲရှိပါတယ်။ အာဏာရပါတီသတင်းတွေကို ဦးစားပေးတင်ပြလေ့ရှိတဲ့ The Rodong Sinmun Newspaper မှာဖော်ပြတဲ့ ကင်မ်ရဲ့သတင်း ဓါတ်ပုံတိုင်းမှာ Mask ဝတ်ထားတစ်ပုံမှ မတွေ့ရပါဘူး။

” ပြည်သူတွေအထိတ်တလန့်မဖြစ်အောင် သူဟာရောဂါကို မကြောက်ကြောင်း ၊ သူ့ကို မကူးစက်နိုင်ကြောင်း ပြသနေသလိုဖြစ်နေပါတယ်” လို့ NK သတင်းဌာနက Rachel Minyoung Lee ကဆိုပါတယ်။ ” တချို့မြောက်ကိုရီးယားနိုင်ငံသားတွေက သူ့ကို နတ်ဘုရားတပါးလိုတောင်ထင်နေကြပါတယ်။” လို့ သူမကဆိုပါသေးတယ်။
သို့ပေမယ့် မြောက်ကိုရီးယားအရေးလေ့လောသူ Dongguk University မှ Professor Koh Yu-hwan ကတော့ ” တကယ်တမ်း ကင်မ်ဟာ ရောဂါကူးစက်ခံရမှာအသေကြောက်သူဖြစ်ပြီး သူ့နိုင်ငံသားတွေအားတက်စေဖို့ မီဒီယာမှာထုတ်လွှင့်မယ့်ပုံတွေကိုသာ Mask ချွတ်ပြီးရိုက်ကူးတယ်လို့ ” ဝေဖန် ပြောဆိုမှုတော့ရှိပါတယ်။ ဒါ့အပြင် နိုင်ငံခေါင်းဆောင်အများစု ရောဂါကူးစက်ခံရမှာစိုးရိမ်နေကြပြီး အချို့ကူးစက်ခံနေရတဲ့အချိန်မှာ ကျန်းကျန်းမာမာရှိနေတဲ့ ကင်မ်ရဲ့ရုပ်ထုကို World War IIတုန်းက ဂျပန်တွေကို မြောက်ကိုရီးယားဖခင် Kim Il Sung ခုခံတိုက်ခိုက်ခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင်မိသားစု ရဲ့ အထိပ်အမြတ်ထားရာ Paektu Bloodline မှာ ထုလုပ်ဖို့လည်း စီစဉ်နေကြပါတယ် လို့သတင်းတွေထွက်နေပါတယ်။
ကင်မ်ဟာ မနှစ်က နှစ်ကြိမ်တိုင်မြင်းဖြူကြီးစီးကာ သူ့အဖိုးရဲ့ ပုံရိပ်ကို ထင်ဟပ်စေခဲ့ပါတယ်။ ဒါ့အပြင် သူဟာ သူ့အဖိုးရဲ့ ဖက်ရှင်တွေကိုလည်း မကြာခဏဝတ်ဆင်လေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source – CNA