ဒီငါးမျိုးတွေဟာ အမက ဥတွေဥပြီးတာနဲ့ မျက်လုံးတွေကွယ်သွားပြီး ဒုက္ခိတဘဝကို ရောက်ရှိသွားပါတော့တယ်။ ငါးဟာ မျက်စိမမြင်တော့ အစာမရှာနိုင်လို့ ဆာလောင်တဲ့ဒဏ်ကိုခံရပါတယ်။
ဥကပေါက်လာတဲ့ ငါးပေါက်ထောင်သောင်းများစွာဟာ မိခင်အစာငတ်သေသွားမှာကို မကြည့်ရက်လို့ တစ်ကောင်ချင်းစီ မိခင်ရဲ့ပါးစပ်ထဲ ကူးခတ်ဝင်ရောက်ပြီး မိခင်ကိုအာရဟာဖြည့်ပေးကြပါတယ်။

မိခင်က အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် ငါးကလေးတွေရဲ့အသက်ရှင်နှုန်းက ၁ဝပုံပုံ ၁ပုံပဲရှိခဲ့ပါတယ်။ မိခင်အတွက် သူတို့ဟာ ငယ်ရွယ်တဲ့အသက်ကို စတေးခဲ့ကြပါတယ်။ Northern snakehead ငါးက မိဘကို ရိုသေကိုင်းရှိုင်းတဲ့ငါးဖြစ်ပါတယ်။
ဒီငါးက မိဘနဲ့ အတူနေထိုင်သွားမဲ့ သားသမီးတွေလိုပါပဲ ။ ဝမ်းကကျွတ်တာနဲ့ ကျွန်မတို့ရဲ့သွေးသားတော်စပ်သူဖြစ်ခဲ့ပါတယ်။ အဲဒီကစ အိုမင်းတဲ့အထိ အတူတကွနေထိုင်အဖော်ပြုသွားမယ်လို့ ယုံကြည်ခဲ့ပါတယ်။

ကျွန်မတို့က အထီးကျန်တဲ့ငါးတစ်အုပ်ပါ။ ဒီကမ္ဘာလောကထဲ မတော်တဆ ကူးခတ်ရောက်ရှိလာခဲ့ကြပါတယ်။ အဲဒီနောက် ဒီလောကထဲခိုလှုံနေထိုင်ရင်း ကျွန်မတို့ဘဝရဲ့ငါးသုံးကောင်ကို မြတ်နိုးတွယ်တာချစ်ခင်နေခဲ့ကြပါတယ်။
ရုပ်သံကြည့်ရှုရန် ပုံကိုနှိပ်ပါ။
Northern Snakeheads guarding a mass of tiny babies. As cool as this sight is, they are unfortunately an invasive species here in the US and disrupt native ecosystems by eating smaller animals and competing with other large fish. #northernsnakehead #fish #invasive #conservation pic.twitter.com/HvUpqmFJY7
— Christopher DiPiazza (@ChrisDPiazza) July 8, 2019
Source Link: 85Nian