မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ တရုတ်စူပါလိဂ် ကလပ် ရှန်ဟိုင်းရှင်ဟွာ အသင်းမှာကစားနေတဲ့ ဝက်ဖို့ဒ် တိုက်စစ်မှူးဟောင်း အီဂါလိုကို အငှား စာချုပ်နဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလို အတွက် ပေါင်၃သန်း အငှားစာချုပ်ကြေးပေးချရမှာဖြစ်ပြီး ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့်တော့မ ပါဝင်ဘူး လို့သိရပါတယ်။

မန်ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဘုန်းမောက်တိုက်စစ်မှူး ဂျူရူအာကင်း ကို ဦးစားပေး ကမ်းလှမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဘုန်းမောက်အသင်းက ပေါင်သန်း၄ဝအထိ ပြောင်း ရွှေ့ကြေး အလိုရှိခဲ့တာကြောင့်ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။ အီဂါလိုကိုတော့ စပါးအသင်းက လည်း ခေါ်ယူလိုခဲ့တာဖြစ်ပြီး ယူနိုက်တက်က လက်ဦးမူရယူနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အီဂါလို ကိုခေါ်ယူဖို့အတွက် အသင်းဘက်ကအတည်ပြုလိုက်ချိန်မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက သူ့ကို ခေါ်ယူခဲ့ရတဲ့အကြောင်းအရင်းကိုလည်း ထုတ်ဖော်ပြောပြသွားခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားကပြောကြားရာမှာတော့ “အိုဒီယန် (အီဂါလို) က အတွေ့အကြုံရင့်တဲ့ ကစားသမားပါ။ ကျွန် တော်တို့အသင်းဆီကို ကာလတိုစာချုပ်နဲ့ သူရောက်လာတာက အသင်းတိုက်စစ်ပိုင်းကိုဖြေရှင်းရာမှာ များပြားတဲ့ ရွေးချယ်မူတွေလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။သူက လူတော်တစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ် လည်းပီသပါတယ်။ ဒီမှာရှိတဲ့အချိန်မှာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို လုပ်ပြပါလိမ့် မယ်” လို့ ဆိုးလ်ရှားက တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာ ပိုများလာခဲ့တဲ့အကြောင်း သုံးသပ်သွားခဲ့ တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းမှာ အဓိက တိုက်စစ်မှူးရက်ရှ်ဖို့ဒ် ဒဏ်ရာပြဿနာရှိနေတာကြောင့် အတွေ့အကြုံ ရင့်တိုက်စစ်မှူးတစ်ဦးကို အားဖြည့်ခဲ့တာဖြစ်ပါတယ်။ အသက်၃ဝအရွယ် အရပ်၆ပေ၂လက်မရှိ တိုက်စစ်မှူး အီဂါလိုဟာ ဝက်ဖို့ဒ်အသင်းနဲ့ ၂ရာသီခွဲကာလအတွင်းမှာ စုစုပေါင်းပွဲ ၁ဝဝကစားခဲ့ပြီး ဂိုးဖန်တီးမူ ၁၁ကြိမ်လည်းပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။၂၀၁ရခုနှစ်က တရုတ်ကလပ်ချမ်းချွန် ကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၉ခုနှစ်ကမှ ရှန်ဟိုင်းရှင်ဟွာ ဆီပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။
Jack ( Sports Reader )