လစ်ဗာပူးအသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာရှရူးဘူရီတောင်းအသင်းနဲ့ အဝေးကွင်းမှာ ၂ဂိုး စီသရေ ကျခဲ့တာကြောင့် ပြန်ကန်ပွဲအဖြစ် အမ်ဖီးလ်ကွင်းမှာ ဆက်ပြီးရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။
အဆိုပါ အက်ဖ်အေဖလားပြန်ကန်ပွဲစဉ်ကိုတော့ လာမယ့်ဖေဖော်ဝါရီ၅ရက်မှာ ကျင်းပဖို့အတွက် ရက်သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးအသင်းကတော့ ဇန်ဝါရီ၃ဝရက်မှာ ဝက်စ်ဟမ်း၊ ဖေဖော်ဝါရီ ၁ရက်မှာ ဆောက်သမ်တန်အသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကစား အပြီး မှာ ကစားသမားတွေကို အနားပေးဖို့စီစဉ်ထားတာဖြစ်ပါတယ်။ဒါပေမယ့်လည်း အက်ဖ်အေဖလား ပြန် ကန်ပွဲစဉ်ရှိနေတာကြောင့် ရှရူးဘူရီတောင်းအသင်းနဲ့ပွဲစဉ်ကို ယူ၂၃ အသင်းနဲ့ပဲ ယှဉ်ပြိုင်ကစားမှာဖြစ် တယ်လို့ နည်းပြကလော့ပ်ကအတည်ပြုခဲ့တာဖြစ်ပါတယ်။

အက်ဖ်အေဖလားကို အတောင့်တင်းဆုံးလူစာရင်းနဲ့ ကစားမှာမဟုတ်တော့တာကြောင့် နည်းပြဂျာဂန် ကလော့ပ် အနေနဲ့ သတိထားဆုံးဖြတ်သင့်ပြီးနောင်တစ်ချိန်မှာနောင်တရစရာဖြစ်သွားနိုင်ကြောင်း တိုက်တွန်းသွားခဲ့တာဖြစ်ပါတယ် ယူနိုက်တက်အသင်းဟာလည်း ၂ဝဝဝပြည့်နှစ်က ဘရာဇီးနိုင်ငံမှာ ကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပွဲစဉ်ကို ပထမဆုံးအကြိမ်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ၁၉၉၉-၂၀၀၀ ပြည့်နှစ် အက်ဖ်အေဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့ဘဲ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

အက်ဖ်အေဖလားလက်ရှိချန်ပီယံအသင်းအနေနဲ့ နုတ်ထွက်လိုက်တဲ့အပေါ်မှာ နောင်တရစရာဖြစ် ခဲ့ရ ပြီး လစ်ဗာပူးအသင်းအနေနဲ့လည်း အက်ဖ်အေဖလားကို အသင်းကြီးလူစာရင်းနဲ့ ကန်မှာမဟုတ်တဲ့ အပေါ်မှာ သတိထားဆုံးဖြတ်သင့်ကြောင်းဆိုးလ်ရှားက သုံးသပ်သွားခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားက ပြောကြားရာမှာတော့ “ ကျွန်တော်တို့ အသင်းဟာ ၂ဝဝဝပြည့်နှစ်တုန်းက ဘရာဇီးမှာ ကမ္ဘာ့ကလပ် ချန်ပီယံရှစ်ပွဲရှိလို့ အက်ဖ်ဖလားကနေ နုတ်ထွက်လိုက်ခဲ့တာဟာ နောင်တရစရာဖြစ်ခဲ့ရပါလိမ့်မယ်။ အက်ဖ်အေဖလားမှာ ယှဉ်ပြိုင်ခြင်းမရှိတာဟာ ဘယ်တော့မှ နှစ်သက်စရာတော့ ကောင်းမှာမဟုတ် ပါဘူး။ ကျွန်တော်ဟာ ကစားသမားဘဝကတည်းကအက်ဖ်အေဖလားကို ချစ်မြတ်နိုးခဲ့ပြီး ဆီမီးဖိုင်နယ် နဲ့ ဗိုလ်လုပွဲတွေကစားခဲ့ဖူးတယ်။ကစားသမားတွေကိုအားလပ်ရက်ပေးတာက သူတို့ကို ကူညီပေး နိုင်လိမ့်မယ်။ တကယ်တမ်းမှာ အသင်းကြီးလူစာရင်းနဲ့ ကစားမလား ဆိုတာက တော့ ကလော့ပ်နဲ့ လစ်ဗာပူးအပေါ်မှာပဲမူတည်လိမ့်မယ်။ ကျွန်တော်တို့ကတော့ ထရမ်မဲရိုဗာကို အနိုင်ကစားခဲ့ပြီး ပြန်ကန်ပွဲကစားရမှာမဟုတ်တာကြောင့် ပျော်ရွှင်စရာဖြစ်ခဲ့ပါတယ်” လို့ ဆိုးလ်ရှားက ပြောပြ သွားခဲ့တာဖြစ်ပါတယ်။

Jack ( Sports Reader )