မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလားပွဲစဉ်မှာ ထရမ်မဲ ရိုဗာအသင်းကို ၆ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး နိုင်ပွဲပျောက်ဆုံးနေမူကို ရပ်တန့်နိုင်ခဲ့ပါတယ်။ဒါပေမယ့်လည်း လိဂ်ဝမ်းကလပ် ငယ် လေးတစ်သင်းကို အနိုင်ရခဲ့တာသာဖြစ်ပြီးပရီးမီးယားလိဂ်မှာတော့ ဆက်ပြီး ရုန်းကန်ရဖို့ရှိနေ တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ၂ပွဲဆက်တိုက်ရူံးနိမ့်ခဲ့ပြီးနောက် ရမှတ်၃၄မှတ်နဲ့ အဆင့် ၅နေရာမှာ ရပ်တည်လျက်ရှိပေမယ့်လည်း အဆင့် ၁၄ကအသင်းနဲ့ ၄မှတ်သာ ကွာဟလို့ အချိန်မရွေး အဆင့် ရပ်တည်မူကျဆင်းနိုင်မယ့် အန္တရာယ်ရှိနေတာဖြစ်ပါတယ်။

အင်္ဂလန်နဲ့ ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်းအိုဝင်ဟားဂရော့ဗ်ကတော့ ယူနိုက်တက် အသင်း အနေနဲ့ လူအင်အားဖြည့်တင်းဖို့ အထူးလိုအပ်နေပြီး လက်ရှိ ကစားသမားစာရင်းနဲ့ ဘာမှ လုပ်ဆောင်လို့မရကြောင်း သုံးသပ်သွားခဲ့တာဖြစ်ပါတယ်။
ဟားဂရေ့ဗ်က ပြောကြားရာမှာတော့ “ သူ (ဆိုးလ်ရှား) အတွက် အကူအညီတစ်ခု အသည်းအသန်လိုအပ်နေပါတယ်။ ကွင်းလယ်ပိုင်းမှာ ဟာရဲ ယားက ထွက်သွားတယ်။ဖယ်လိုင်နီလည်း မရှိတော့ဘူးဆိုးတော့အလွန် ခက်ခဲသွားပါတယ်။ ဒီကြား ထဲမှာ ပေါ့ဘာနဲ့ တွန်မီနေးက ဒဏ်ရာပြဿနာတွေကြောင့်မကစားနိုင်ဘူး။ နောက်ပြီး လူကာကူနဲ့ ဆန်းချက်ဇ် တို့ဟာလည်း အသင်းပြောင်းရွှေ့သွားခဲ့တယ်။ ရက်ရှ်ဖို့ဒ်က ဒဏ်ရာရနေပြန်ပြီ။ ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့သူတွေက မကစားနိုင်သေးဘူး။အဓိက ကစားသမားတွေအများကြီး ဒဏ်ရာရနေပေမယ့် အိုလီဆီကို ပြုပြင်ပြောင်းလဲမူတွေ မရောက်သေးပါဘူး။ ဒီလိုလူစာရင်းနဲ့ အဆင့် ၅နေရာမှာရပ်တည်နေနိုင်တာကပဲ ဖြစ်နိုင်သမျှ အကောင်းဆုံး အခြေအနေရောက်နေတာဖြစ်တယ်” လို့ ဟားဂရေ့ဗ်က ယူနိုက်တက်အသင်း ကစားသမားအင်အားဖြည့်တင်းဖို့လိုအပ်နေပုံကို ထောက် ပြ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

အဆင့်၁၄က အသင်းနဲ့ ယူနိုက်တက်အသင်းကြားမှာ ၄မှတ်သာ ကွာခြားတာကြောင့် လက်ရှိ အတိုင်းဆက်သွားနေမယ်ဆိုရင် အဆင့်တက်ဖို့ထက် အောက်ကို ကျဆင်းသွားဖို့အခွင့်အရေးများ နေကြောင်း ဟားဂရေ့ဗ်ကသုံးသပ်သွားခဲ့တာဖြစ်ပါတယ်။
Jack ( Sports Reader )