မြန်မာနိုင်ငံက နှုတ်ခမ်းနီမလေးတွေအပြင် ထိုင်းနိုင်ငံက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကိုပါ စိုးမိုးထားနိုင်တဲ့ သူဟာ ပိုင်တံခွန်ဆိုရင် မမှားပါဘူးနော် ပရိတ်သတ်ကြီး…..။ ဖော်ရွေပြီး၊ အမြဲတမ်းပြုံးနေတာကြောင့် လူချစ်လူခင်ပေါများသူ တစ်ယောက်လည်းဖြစ်ပါတယ်။
သူဟာ မိဘ ဆရာသမားတွေကို ရိုသေတတ်ပြီး၊ လူကြီးသူမတွေကို ရိုသေတာကြောင့်လည်း နာမည်ကြီးနေသူ တစ်ယောက်ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ နာမည်ကြီးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က ထိုင်းနိုင်ငံမှာ Kanchanaburi မှာ ကျင်းပတဲ့ Kanchanaburi Film Festival မှာ ထိုင်းအနုပညာရှင်တွေနဲ့အတူ တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။
အဆိုပါပွဲမှာတော့ ပိုင်တံခွန်ကို ထိုင်းနိုင်ငံက အနုပညာရှင်တွေဟာ အသိအမှတ်ပြုတဲ့အနေနဲ့ သူ့ရဲ့ လက်ဗွေယာကို ရယူပြီး မှတ်တမ်းတင် ဂုဏ်ပြုခြင်းခံခဲ့ရပါသေးတယ်။ ဒီလို အောင်မြင်နေတဲ့ ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံသာမဟုတ် ကမ္ဘောဒီးယားနိုင်ငံအထိပါ အောင်မြင်မှုတွေ ခြေလှမ်းဆန့်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက အနုပညာရှင် အချို့ က ကမ်းလှမ်းလာခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပိုင်တံခွန်ဟာ မော်ဒယ် သရုပ်ဆောင် နွယ်ဒါလီထွန်းနဲ့ နှုတ်ခမ်းခြင်း ထိပြီး နမ်းနေတဲ့ ပုံရိပ်တွေဟာ မြန်မာနိုင်ငံရဲ့ လူမှုကွန်ယက်မှာတော်တော်လေး ပျံ့နှံ့ခဲ့ရပါတယ်။ အဆိုပါပုံရိပ်တွေကြောင့် နှုတ်ခမ်းနီမလေးတွေတော်တော်များများ အသည်းကွဲခဲ့ရသလို၊ မော်ဒယ်နွယ်ဒါလီထွန်းဟာလည်း ပုရိသတို့ အသည်းဆွဲဖြစ်တာကြောင့် အသည်းကွဲနေတဲ့ ပုရိသတွေလည်း တော်တော်လေးများပြားခဲ့ပါတယ်။

နွယ်ဒါလီထွန်းနဲ့ ပိုင်တံခွန်တို့ဟာ ရိုက်ကွင်းရဲ့ ဇတ်ညွှန်းလိုအပ်ချက်အရ သရုပ်ဆောင်တာသာ ဖြစ်ပါတယ်။ အသည်းကွဲနေတဲ့ ပုရိသတို့နဲ့ နှုတ်ခမ်းနီမလေးတို့အတွက် သတင်းကောင်းပဲဖြစ်ပါတယ်နော်…………….. ။
Source: Nwedarlihtun