ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါ အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ကြေညာလိုက်ပြီဖြစ်လို့ ဒီကြေညာချက်နဲ့ အညီ လုပ်ဆောင်ဖို့ရှိတာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ မှာ ကူးစက်ခံရသူ ၁၁၉, ၂၄၅ ယောက်နဲ့ သေဆုံးသူ စုစုပေါင်း ၄၃၀၀ ရှိပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၁၁ ရက်မှာ COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ကြေညာလိုက်တာပါ။

မြန်မာနိုင်ငံမှာတော့ COVID-19 ကူးစက်ခံရတဲ့ အတည်ပြုလူနာမရှိသေးပေမယ့် ဇန်နဝါရီ ၃၁ ရက်ကနေ မတ်လ ၁၁ ရက်အထိ စောင့်ကြည့်လူနာနဲ့ သံသယလူနာ စုစုပေါင်း ၉၀ လောက် ရှိခဲ့တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်