ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ ကို သမတ္တကြီး ဦးဝင်းမြင့်က သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်တဲ့ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို ဇန်နဝါရီလ (၄) ရက်နေ့က ဆက်ကပ်ခဲ့တယ်လို့သိရပါတယ်။
ဒီလို အမြင့်ဆုံးဘွဲ့ကို ဆက်ကပ်ခံရနိုင်ဖို့အတွက်တော့ သာမာန်အားဖြင့် မရကြပဲနဲ့အောက်ပါအချက်တွေ ပြည့်စုံတဲ့ ရဟန်းသံဃာတွေကိုပဲ ဆက်ကပ်တာဖြစ်တယ်လို့ သိရပါတယ်။

၁) အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း။
(၂) အနည်းဆုံး သိက္ခာဝါ (၆၀)ရှိခြင်း။
(၃) ဗဟုသုတအကြားအမြင်များခြင်း။
(၄) သာသနာတော်အတွက် ကျေးဇူးများသော ဗုဒ္ဓစာပေကျမ်းဂန် ရေးသားခြင်း။
(၅) ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဖြစ်ခြင်း။
(၆) တပည့်သံဃာများပြား၍ သံဃာ့အဖွဲ့အစည်းအတွင်း သြဇာတိက္ကမကြီးမားခြင်း။
(၇) သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကြီးမားခြင်းကြောင့် အများပြည်သူတို့၏ ကြည်ညိုလေးစားမှုခံရခြင်း… တို့ပဲဖြစ်ပါတယ်။

ယခုနှစ်မှာတော့ ပါမောက္ခဆရာတော်ကြီး ၊ ပန်းငွေရုံတောရစာသင်တိုက်ဆရာတော်၊သံဃာရာမကျောင်းတိုက်ဆရာတော်၊ချောင်းဒေါင်းစာသင်တိုက်ဆရာတော်၊စည်ရှင်ကျောင်းဆရာတော်၊မြို့လယ်ကျောင်းစာသင်တိုက်ဆရာတော်၊ကျောက်ကုန်းတောရမေဒိနီစာသင်တိုက်ဆရာတော် စတဲ့ စုစုပေါင်း ဆရာတော်ကြီး (၇) ပါးကို ဘွဲ့တံဆိပ်တော်များ ဆက်ကပ်နိုင်ခဲ့တယ်လို့ သိရှိရ့ါတယ်။
သီတဂူဆရာတော် ဒောက်တာဘဒ္ဒန ္တဉာဏိဿရ ကိုလည်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်အပ်နှင်းဆက်ကပ်လိုက်သည်ဟုသိရသည်။