မန်စီးတီးတိုက်စစ်မှူးအဂွဲရိုးဟာ အသင်းအွက်စုစုပေါင်း၂၅၂ဂိုးအထိသွင်းယူထားပြီး မန်စီးတီး သမိုင်းတစ်လျှောက်မှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်ထား သူ ဖြစ်ပါတယ်။
ပရီးမီးယာလိဂ်မှာလည်း အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီရဲ့ သွင်းဂိုးအရေ အတွက် ကို ကျော်ဖြတ်နိုင်ခဲ့လို့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲကတစ်ဦး အဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။

အသက်၃၁နှစ်ရှိ အာဂျင်တီးနားတိုက်စစ်မှူးအဂွဲရိုးဟာ လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ အင်္ဂလန်ဂန္ထဝင် ကစားသမား ဒေးဗစ် ဘက် ခမ်းပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် မီယာမီအသင်းကလည်း ချိတ်ဆက်နေတာကြောင့် လာမယ့်ရာသီ အကုန်မှာ အသင်းကနေ ထွက်ခွါဖို့ရှိနေတာဖြစ်ပါတယ်။
နည်းပြ ဂွာဒီယိုလာကတော့ အဂွဲရိုး ထွက် ခွာ သွားရတော့မယ့်အ ချိန်နီးကပ်လာချိန်မှာ သူ့ရဲ့နေရာမှာအစားထိုးနိုင်မယ့် တိုက်စစ်မှူးတွေကို ရှာဖွေ နေပေမယ့်လည်း အစားထိုးနိုင်မယ့် ကစားသမားရဖို့မလွယ်ကြောင်းသုံးသပ်သွားခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာက “ ဆာဂျီယို နဲ့ နိူင်းယှဉ်ဖို့ တိုက်စစ်မှူးတစ်ဦးကို ချဉ်းကပ်ရတာဟာ လုံးဝကွဲပြား ခြားနားပါတယ်။ တိုက်စစ်မှူးတွေဆိုတာ အရေအတွက်နံပါတ်တွေပါ။ပြီးတော့ ဂိုးတစ်ဂိုးရဲ့ အနံ့ တစ်ခုလည်းဖြစ်တယ်။ ဆာဂျီယိုရဲ့နေရာကိုအစားထိုးနိုင်ဖို့က အလွန်ခက်ပါတယ်။ ထိပ်တန်ကလပ် အသင်းတွေအားလုံးဟာ လည်း ဆာဂျီယို လို တိုက်စစ်မှူးရှိဖို့ လိုအပ်ပါလိမ့်မယ်။ သူသာ ကြံ့ခိုင်မူ ပြည့်ဝေနေပြီး ပျော်ရွှင်မူရှိနေမယ်ဆိုရင် အရာအားလုံးကို သူစွမ်းဆောင်နိုင်ပါတယ်” လို့ နည်းပြ ဂွာဒီယိုလာက အဂွဲရိုးကို ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး “ ကျွန်တော်တို့့ကင်းထောက်အဖွဲ့တွေ နိုင်ငံတကာမှာအများကြီးရှိပါတယ်။ သူတို့ ကင်းထောက်ရွေးချယ်ထားတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပြကွက်တွေကို ကျွန်တော့်ကို ပြသပေမယ့်လည်း တိကျတဲ့ စွမ်းဆောင်ရည် ရှိမရှိ သေချာ ကြည့်ဖို့ ကျွန်တော့်မှာအချိန်မရှိပါဘူး” လို့ ဂွာဒီယိုလာကဆိုခဲ့တာဖြစ်ပါတယ်။ အသက်၃၂နှစ်ရှိ အဂွဲရိုးဟာ ၂၀၁၁ခုနှစ်က အက်သလက်တီကို မက်ဒရစ်အသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ အဂွဲရိုးရဲ့နောက် အရန် တိုက်စစ်မှူးအဖြစ် ဘရာဇီးတိုက်စစ်မှူးဂါဘရီယယ်ဂျေးဆူ ရှိပေမယ့်လည်း အဂွဲရိုးနေရာကို အစား ထိုးနိုင်ဖို့ခက်ကြောင်း ဂွာဒီယိုလာကအရိပ်အမြွက်ပြောပြသွားခဲ့တာဖြစ်ပါတယ်။
Jack ( Sports Reader )