မန်စီးတီးအသင်းဟာ နည်းပြ ဂွာဒီယိုလာကို ၂၀၁၆ခုနှစ်က အသင်းနည်းပြအဖြစ်စတင်ခန့်အပ်ခဲ့ ပါတယ်။
ဂွာဒီယိုလာဟာ သူ့ရဲ့အင်္ဂလန်မြေ ရောက်ခါစပထမဆုံးဘောလုံးရာသီမှာဆုဖလား လက်မဲ့ ဖြစ်ခဲ့ပေမယ့်လည်း ဒုတိယမြောက်ရာသီမှာတော့ ပရီးမီးယားလိဂ်ဆုဖလားရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီကလည်း ပရီးမီးယာလိဂ်ဆုဖလားအပါဝင်အဝင် ပြည်တွင်းဆုဖလား ၃လုံး ကို ရယူနိုင်ခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂွာဒီယိုလာအတွက် အလိုချင်ဆုံး ဆုဖလားက ဥရောပချန်ပီယံ လိဂ်ဆုဖလားဖြစ်ပြီး ချန်ပီယံလိဂ်ဆုဖလားသာမရခဲ့ဘူးဆိုရင်တော့ မန်စီးတီးမှာ မအောင်မြင်ခဲ့ ဘူးလို့ ပဲသတ်မှတ်ရမှာဖြစ်တယ်လို့ ဂွာဒီယိုလာကဝန်ခံစကားပြောကြားသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီ ဥရောပချန်ပီယံလိဂ်မှာတော့ စပါး အသင်းကို ရူံးနိမ့်ပြီး ကွာတား ဖိုင်နယ်အဆင့်နဲ့ ကျေနပ်ခဲ့ရတာပါ။ မန်စီးတီးအသင်းနဲ့ အတူ အဓိက ဆုဖလား ၅လုံးအထိရယူနိုင် ထားေ ပမယ့်လည်း ဥရောပမှာ အောင်မြင်မူမရရင်တော့ ကျရူံးမူတစ်ခု အနေနဲ့ သတ်မှတ်ရ မှာဖြစ် တယ်လို့ ဂွာဒီယိုလာက မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဂွာဒီယိုလာက “ ဥရောပဖလားရယူဖို့ ကျွန်တော် တို့ လုပ်ဆောင်ရမှာမှန်ပါတယ်။ ကျွန်တော်တို့ မရယူနိုင်ခဲ့သေးပေမယ့်လည်း ပရီးမီးယားလိဂ် ဖလားတော့ရယူနိုင်ခဲ့တယ်။ဒါကအမှန်တရားပါ။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့အတွက် အလွန်ထူးချွန် တဲ့ နှစ် ဖြစ်ခဲ့ပေမယ့်လည်း လူတွေက “ ဥရောပချန်ပီယံလိဂ်ဆုဖလားတော့ မင်းတို့မရယူနိုင်ခဲ့ဘူး” လို့ ပြောကြတယ်။ဒါကြောင့် မလို့ ကျွန်တော်ရဲ့ နောက်ဆုံံးဘောလုံးရာသီအထိ ဥရောပဖလားရယူနိုင်ခြင်း မရှိရင်တော့ ဒီအသင်းမှာ ကျွန်တော် ကျရူံးတယ်လို့ ပြောရမှာဖြစ်ပါတယ်။အဲဒါကို ကျွန်တော်သိပါတယ်” လို့ ဂွာဒီယိုလာကပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ ဘာစီလိုနာအသင်းနဲ့ အတူ ချန်ပီယံလိဂ်ဆုဖလား၂ကြိမ် အထိရယူနိုင်ခဲ့ဖူးပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ချိန်မှာ တော့ ဥရောပဖလားနဲ့ ဝေးကွာခဲ့ရပြီး မန်စီးတီး အသင်း မှာ ပြည်တွင်းဆုဖလားဘယ်လောက်ပဲရယူနိုင်ခဲ့သည့်တိုင်အောင် ဥရောပဖလားမရခဲ့ရင်တော့ ကျရူံးမူဖြစ်သွားမှာဖြစ်တယ်လို့ ဂွာဒီယိုလာက ယူဆခဲ့တာဖြစ်ပါတယ်။မန်စီးတီးအသင်းမှာ အခုနှစ် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာတော့ စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။
Jack ( Sports Reader )