၂၀၂၀ အိုလံပစ် တံဆိပ်ရိုက်နှိပ်ထားတဲ့ ဂျပန်နိုင်ငံပိုင်လေယာဉ်ဟာ အိုလံပစ် မီးရှူးတိုင်ကို သယ်ဆောင်ဖို့ မတ်လ ၁၈ ရက်နေ့ ဂရိနိုင်ငံကိုထွက်ခွာသွားပြီဖြစ်ပါတယ်။ သို့ပေမယ့် ဂျပန်အိုလံပစ်ကော်မတီဝင်တစ်ဦးမျှလိုက်ပါသွားခြင်းမရှိပါဘူး။
အစောပိုင်းကတော့ ဂျပန်အိုလံပစ်ကော်မတီ အကြီးအကဲ Yoshiro Mori နဲ့ အိုလံပစ်ဝန်ကြီး Seiko Hashimoto တို့လိုက်ပါသွားဖို့စီစဉ်ခဲ့ပေမယ့် ရောဂါကြောင့် လိုက်ပါဖို့အစီအစဉ်ကို ဖျက်သိမ်းခဲ့တာပါ။

Coronavirus ဟာ လူပေါင်း ၇၅၀၀ ရဲ့ အသက်ကို ဆွဲထုတ်ခေါ်ဆောင်သွားပြီဖြစ်ကာ အားကစားပွဲအများစုကိုလည်း ရပ်ဆိုင်းထားရပါပြီ။ ဂရိမှာရောက်ရှိနေတဲ့ ဂျပန်သံအမတ်က အိုလံပစ်မီးရှူးတိုင်ကို လွှဲပြောင်းလက်ခံမည်ဖြစ်ကာ ပီးခဲ့တဲ့အပတ်က ဂရီကို ရောက်ရှိနေတဲ့ အောက်လွှတ်တော် အမတ်တွေက အခမ်းအနားကို ပါဝင်အားဖြည့်တက်ရောက်သွားမှာလည်းဖြစ်ပါတယ်။
လေကြောင်းလိုင်း ၂၀ လောက်နဲ့ ဝန်ထမ်းတွေဟာ နိုင်ငံတွေရဲ့ ခရီးသွားလာခွင့်ကန့်သတ်ချက်တွေကြောင့် အလုပ်မှ ခဏတာ ရပ်နားနေကြရပြီလည်းဖြစ်ပါတယ်။ ၎င်းအိုလံပစ်မီးရှူးတိုင်ဟာ ဂျပန်နိုင်ငံ Matushima Airbase ကို သောကြာနေ့မှာရောက်ရှိမှာဖြစ်ပြီး ကြိုဆိုရေးအခမ်းအနားကိုတော့ အကျဥ်းချုံးပဲကျင်းပသွားမှာဖြစ်ပါတယ်။

နိုင်ငံတော်တော်များများမှာ အားကစားပွဲတွေ ရပ်ဆိုင်းထားပေမယ့် ဂျပန်ကတော့ အိုလံပစ်ပွဲတော်ကို ဇူလိုင်လ ၂၄ ရက်မှာကျင်းပသွားမှာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကတော့ သူတို့အနေနဲ့ ဂျပန်နိုင်ငံကို ဖိအားပေးတာတွေပြုလုပ်သွားမှာမဟုတ်သလို နောက်လေးလအကြာမှာ အစီအစဉ်အတိုင်းကျင်းပသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source – CNA