အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေ စုပုံနေတာမို့ မတ် ၂၅ ရက်က နိုင်ငံမြောက်ပိုင်း ဘုရားကျောင်းတခုက ခေါင်းတလားတွေကို မီးသင်္ဂြိုဟ်ဖို့ စစ်ကားတွေနဲ့ သယ်ဆောင်ခဲ့ပါတယ်။
ဘာဂါမိုမြို့တောင်ပိုင်း ကီလိုမီတာ ၃၀ အကွာမှာရှိတဲ့ ဆီရီယာတေအရပ်က ဘုရားကျောင်းတခုမှာ ခေါင်းတလားတွေ စုပုံနေပါတယ်။

ဘာဂါမိုမြို့ဟာ ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံးခံစားရတဲ့ နေရာတွေထဲက တခု ဖြစ်ပါတယ်။
အခုဆိုရင် လွမ်ဘာဒီဒေသ ဘုရားကျောင်းတွေက ခေါင်းတလားတွေကို စစ်ကားတွေ အသုံးပြုပြီး မီးသင်္ဂြိုဟ်မယ့် နေရာဒေသအသီးသီးကို ပို့ဆောင်နေတာ ရက်ချီနေပါပြီ။

မတ် ၂၆ ရက် မနက် ၉ နာရိအထိ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၄၃၈၆ ဦး သေဆုံးသူ ၇၅၀၃ ဦးနဲ့ ပြန်ကောင်းလာသူ ၉၃၆၂ ဦးရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်