Sponsored
ဗြိတိန်နိုင်ငံမှ ချားလ်စ်မင်းသားကြီးတွင် COVID-19 ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိပြီး၊ အပျော့စား ရောဂါလက္ခဏာများဖြစ်သဖြင့် အိမ်မှသာ အလုပ်လုပ်မည်ဖြစ်ကြောင်းသိရသည်။

”မင်းသားကြီးဆီမှာ အပျော့စား ရောဂါလက္ခဏာရှိနေတာကလွဲပြီး ကျန်းမာရေးကောင်းမွန်ပါတယ်။ ဒါကြောင့် အိမ်မှာပဲနေပြီး၊ အိမ်ကနေပဲ လုပ်စရာရှိတဲ့အလုပ်တွေကို လုပ်သွားမှာဖြစ်ပါတယ်”ဟု ချားလ်မင်းသားကြီးအိမ်တော် ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။
အသက် ၇၁ နှစ်ရှိပြီဖြစ်သော ချားလ်စ်မင်းသာကြီးနှင့် အသက် ၇၂နှစ်ရှိပြီဖြစ်သော သူ၏ ကြင်ယာတော် မင်းသမီး ကွန်းဝဲလ်တို့သည် စကော့တလန်ရပ်ရှိ သူတို့အိမ်တွေင် သီးခြားစီကန့်သတ်နေထိုင်လျှက်ရှိကြပြီဖြစ်သည်။
Sponsored
မင်းသမီး ကွန်းဝဲလ်အားလည်း COVID-19 စစ်ဆေးပြီးဖြစ်ကာ သူ့တွင်မူ ကူးစက်နေခြင်းမရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။
Source: CNN
Sponsored