ဘရာဇီး ဘောလုံးသမားဟောင်း ရော်နယ်ဒင်ဟို နဲ့ သူရဲ့ အကိုဖြစ်သူဟာ နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်မှုအတွက် ပါရာဂွေးနိုင်ငံမှာ ထောင်ထဲကနေ အမှုရင်ဆိုင် ရဖွယ်ရှိနေရာ အမှုရင်ဆိုင် ချိန်အတွင်းထောင်ထဲ မှာ ခြောက်လ ကြာနေထိုင်ရဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါ တယ်။

၎င်းတို့ ရှေ့နေကတော့ သက်ညှာတဲ့ ပြစ်ဒဏ်မျိုးသာပေးဖို့တောင်းဆိုထားပေမယ့် တရားသူကြီး ကတော့ ငြင်းဆန်ထားကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရော်နယ်ဒင်ဟို နဲ့ အကိုဖြစ်သူ တို့ ပါရာဂွေးနိုင်ငံကို ရောက်ရှိချိန်မှာ နိုင်ငံကူးလက်မှတ်အတုကိုင်ဆောင်မှုအတွက်ဟိုတယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
နိုင်ငံကူးလက်မှတ် ကိုင်ဆောင်မှုအတွက် အာဏာပိုင်တွေဟာ ရော်နယ်ဒင်ဟိုတို့ ညီအကိုနှစ်ဦး ကို ထောင်ထဲကို ပို့ခဲ့ပြီး တရားရုံးမှာအမှုရင်ဆိုင်ချိန်အတွင်း ထောင်ထဲကနေ လက်ထိပ်ခတ်ပြီး တရားရုံးကို ခေါ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။ တရားရုံးကတော့ ရော်နယ်ဒင်ဟိုတို့ ညီအကိုနှစ်ဦးကို အာမခံပေးဖို့ ငြင်းဆန်ခဲ့ကြောင်း၊ ၎င်းတို့ညီအကို နှစ်ဦးဟာအမှု ရင်ဆိုင် နေချိန်အတွင်း ထောင်ထဲမှသာ ရင်ဆိုင်ရမှာဖြစ်ကြောင်း ပြောပါတယ်။ ရော်နယ်ဒင်ဟိုတို့ ညီအကို နှစ်ဦးဟာအမှုကို ရှောင်ရှားနိုင်ဖို့ ပါရာဂွေးနိုင်ငံထဲ ကထွက်ပြေးဖွယ်ရှိတယ်လို့ တရားသူကြီးက ယုံကြည်နေပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိရော်နယ်ဒင်ဟိုဟာ ဘရာဇီးနိုင်ငံမှာသဘာဝပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေတဲ့ တရားမဝင်အဆောက်အဦးတည်ဆောက်မှုအတွက် တရား ရင်ဆိုင်ခဲ့ပြီး နိုင်ငံကူး လက်မှတ်သိမ်းခံရသလို စပိန်နိုင်ငံမှာလည်း အခွန်တိမ်းရှောင်မှုတွေကြောင့် နိုင်ငံကူး လက်မှတ် ပြဿာနာတွေဖြစ်ခဲ့ဖူးပါတယ်။
ရော်နယ်ဒင်ဟိုဟာ ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ဖူးပြီး အေစီမီလန်၊ ဘာစီလိုနာ ၊ အသင်းတို့မှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။
Zego ( Sports Reader )
Source: The Sun