ထောင်ထဲကနေအမှုရင်ဆိုင်ရမယ့် ကမ္ဘာကျော်ဘောလုံးသမားရော်နယ်ဒင်ဟိုဟာ ထောင်ထဲ ရောက်ရှိ နေပုံကို ဓါတ်ပုံရိုက်ကူးဖော်ပြခဲ့တယ်လို့ Daily Mail သတင်းဌာနကဆိုပါတယ်။ ဘရာဇီး ဂန္တဝင်ကစားသမားဟောင်း ရော်နယ်ဒင်ဟိုဟာ ထောင်ထဲမှာ ညှပ်ဖိနပ်ကို စီးထားပြီး ပြုံးပျော် နေတဲ့ ပုံစံမျိုးရိုက်ကူးဖော်ပြခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ရော်နယ်ဒင်ဟိုနဲ့ သူရဲ့အကိုဖြစ်သူတို့ဟာ နိုင်ငံကူးလက်မှတ်အတုကိုင်ဆောင်ပြီး ပါရာဂွေးနိုင်ငံထဲ ဝင်ရောက်ချိန်မှာဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပါတယ်။ ၎င်းတို့ရှေ့နေကရော်နယ်ဒင်ဟိုဟာစဉ်း စားဉာဏ်မရှိသူဖြစ်ကြောင်း၊ သူဟာပါရာဂွေးနိုင်ငံထဲကို ဝင်ရောက်ဖို့ အသုံးပြုခဲ့တဲ့ နိုင်ငံကူး လက်မှတ်တွေက အတုဖြစ်နေတာကို အ မှန်တကယ်မသိခဲ့သဖြစ်ကြောင်း ပြောပါတယ်။

ပါရာဂွေးမီဒီယာတွေကလည်း ထောင်ထဲမှာ ညှပ်ဖိနပ်စီးပြီး ပြုံးရွင်နေတဲ့ရော်နယ်ဒင်ဟို ဓါတ်ပုံတွေကို ပြန်လည်ဖော်ပြခဲ့ပါတယ်။ နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်ပြီးနိုင်ငံထဲ ဝင်ရောက်တာရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်လို့ ပါရာဂွေး အစိုးရရှေ့နေတွေကဆိုပါတယ်။

ပါရာဂွေးတရာသူကြီး ကာလာရာရုဇ်ကလည်း ရော်နယ်ဒင်ဟို တို့ ညီအကိုနှစ်ဦးဟာ ပါရာဂွေး နိုင်ငံ နဲ့ သက်ဆိုင်တဲ့အများပြည်သူအကျိုးစီးပွားကိုဆန်ကျင့် ချိုးဖောက်သူတွေဖြစ်ပြီး ၎င်းတို့ နှစ်ဦးကို ထောင်ထဲမှာ ဖမ်းဆီးထားဖို့ အမိန့်ပေးထားပါတယ်။ ရော်နယ်ဒင်ဟိုဟာ လက်ရှိအ ချိန်မှာ Specialised Unit.’ ရှိ ပါရာ ဂွေး အ ထူးထောင်ထဲမှာရှိနေပြီး လိုအပ်တဲ့ စစ်ဆေး မေးမြန်းမှုတွေလုပ်ဖို့ ပါရာဂွေးအစိုးရ ရှေ့နေတွေက စဉ်းစားဆောင်ရွက်နေပါတယ်။

‘Specialised Unit’ ဟာ လူသိများထင်ရှားတဲ့အကျဉ်းသားတွေအတွက် လုပ်ဆောင်ထားတဲ့ အကျဉ်းထောင်ဖြစ်ကြောင်းသိရပါတယ်။ ရော်နယ်ဒင်ဟိုဟာ စဉ်းစားဉာဏ်မရှိသူဖြစ်တဲ့အတွက် နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်မှုက ရာဇဝတ်မှုကျူးလွန်ခဲ့တယ်ဆိုတာကို မသိခဲ့ကြောင်း ရော်နယ်ဒင်ဟို ရှေ့နေက ပြောပါတယ်။
Zego ( Sports Reader )
Source: Daily Mail