ဈေးဝယ်စင်တာတွေမှာ စားသောက်တန်းတွေမှာ တစ်ယောက်နဲ့တစ်ယောက် ၁မီတာခွာနေဖို့ကို မလိုက်နာလျှင်ချမှတ်မဲ့ပြစ်ဒဏ်နှင့်တကွ ကြေငြာအပြီးနေ ာက်တစ်နေ့မှာပဲ စင်ကာပူအစိုးရဟာ ပြည်သူတွေကို မလိုအပ်ပဲ ဈေးဝယ်စင်တာတွေကို မသွားတော့ဖို့နဲ့ ဖြစ်နိုင်ရင် Online shopping နဲ့ Delivery service ကိုပဲအသုံးပြုကြဖို့ တိုက်တွန်းလိုက်ပါပြီ။

ယခု သတိပေးချက်ကို အစိုးရကသတင်းတွေကို အချိန်နဲ့တပြေးညီ ပြည်သူတွေကို ထုတ်ပြန်ပေးနေတဲ့ Gov.sg Whatsapp မှ ယနေ့ မတ်လ ၂၈ ရက်နေ့မှာ ပထမဆုံးထုတ်ပြန်ခဲ့တာဖြစ်ပြီး ညနေပိုင်းမှာတော့ သတင်းတွေ မှာ ဝေဆာနေပါပြီ။ ထုတ်ပြန်ချက်ကတော့ မလိုအပ်ပဲ ဈေးဝယ်စင်တာတွေကို လုံးဝမသွားဖို့၊ အတတ်နိုင်ဆုံးအိမ်မှာနေဖို့ နဲ့ အမှန်တကယ်လိုအပ်တဲ့ အစားအစာတွေကိုပဲ လိုအပ်ပါက ထွက်ဝယ်ဖို့နဲ့ တချို့အစားအစာတွေဟာ Online မှ မှာယူလို့ရကြောင်းလည်း အကြံပေးပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံအတွင်းနေထိုင်သူတွေ အထူးသဖြင့် နိုင်ငံခြားသားအလုပ်သမားနဲ့ အိမ်အကူတွေကို အားလပ်ရပ်မှာ စုရုံးပြီး ပျော်ပွဲစားတာမျိုး မလုပ်တော့ဖို့ တိုက်တွန်းထားပါတယ်။ လူစုလူဝေးကိုသွားရန်ရှိပါက တစ်ယောက်နဲ့တစ်ယောက် ၁မီတာ အနည်းဆုံးခွာနေဖို့လည်း ပါရှိပါတယ်။

နောက်တစ်ချက်ကတော့ စားသောက်တန်းတွေ နဲ့ ပွဲစီစဉ်သူတွေကို ခုံနေရာအခင်းအကျင်းအတွက် အကြံပေးတာပါ။ ခုံတစ်ခုံနဲ့တစ်ခုံ အနည်းဆုံး ၁မီတာခွာရမှာဖြစ်ကာ အသေပြုလုပ်ထားတဲ့ခုံတွေအတွက်ကိုတော့ တစ်ခုံခြားဆီ မထိုင်ရ တံဆိပ်တွေကပ်နှိပ်ဖို့ပါ။ ဒါကို မလိုက်နာတဲ့ လုပ်ငန်းရှင်နဲ့ ပွဲစီစဉ်သူတွေကို ထောင် ၆လ သို့မဟုတ် စင်ကာပူဒေါ်လာ ၁သောင်းဒဏ်ရိုက်မှာပါ။
သင်ကိုယ်တိုင်လည်း ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာ ထင်ရှားတာတို့ တစ်ယောက်နဲ့တစ်ယောက် ၁မီတာ ခွာမရပ်တာတို့ဆိုရင် ဖော်ပြပါ ပစ်ဒဏ်ကိုကျခံရမှာပါ။
Writer- ZWP ( The Lifestyle Myanmar )
Source- CNA