ဒီနေ့ညနေ Singapore ကပြန်ရောက်ရောက်ခြင်း မီးလောင်သွားတဲ့ Skywalk ကိုသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ကျွန်တော် စင်္ကာပူမှာရှိနေတဲ့အချိန် မီးစလောင်လောင်ခြင်း သိလိုက်ရလို့ စည်ပင် ကော်မတီဝင်များ၊ ဌာနမှူးများ အပါအဝင် စည်ပင်ဝန်ထမ်းတွေကို မိမိတို့ရဲ့ လုပ်ငန်းတာဝန်နဲ့တိုက်ရိုက်ဆိုင်တဲ့ဌာန ဖြစ်စေ တိုက်ရိုက်မဆိုင်တဲ့ဌာနဖြစ်စေ ( ရေသန့်ဌာနကို ရေမပြတ်လပ်စေဖို့ သက်ဆိုင်ရာ ရေပေးဝေရေးစက်ရုံများ စွမ်းအားအပြည့်လည်ပတ်ဖို့၊ စက်မော်ဌာန ယတ္တရားများကူညီဖို့နဲ့ မီးသတ်ကားတွေအတွက်လိုအပ်တဲ့ ဒီဇယ် ၅ဂါလံဆီဖြန့်ဖြူးပေးဖို့ နဲ့ ရေပေးရေးကားတွေ အကုန်ထုတ်သုံးဖို့၊ စီမံဌာနကို မီးသတ်၊ ရဲတပ်ဖွဲ့ နဲ့ စည်ပင်ဝန်ထမ်း တွေကို ညစာအတွက်နဲ့ ရေသန့်ထောက်ပံ့ပေးဖို့က အစ သန့်ရှင်းရေး အဆုံး) ဌာနအားလုံး ပါဝင်ကူညီဖို့ ညွှန်ကြားခဲ့တဲ့အတိုင်း မနက်၅နာရီအထိ ကျွန်တော်နဲ့ Whatsapp, viber group တွေကတဆင့် သတင်းပို့ခြင်း ညွှန်ကြားခြင်းကြောင့် အနီးကပ်ကွပ်ကဲရသလို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

မီးငြိမ်းသတ်ရေး စွမ်းစွမ်းတမန် တာဝန်ထမ်းဆောင်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးဆောင်ရွက်ပေးတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နဲ့ တပ်မတော်သားများ၊ စည်ပင်သာယာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရေသန့်နဲ့အစားအသောက်များကို စေတနာထက်သန်စွာ အချိန်မတော်လာရောက်လှူဒါန်းသူ အားလုံး အားလုံးကို မြို့တော်ကိုယ်စား ကျေးဇူးအထူးတင်ပါတယ်။
တိုင်းဒေသကြီးအစိုးရ အဖွဲ့က အရေးပေါ်အစည်းအဝေးခေါ်ပြီး မီးလောင်ပြင်စီမံခန့်ခွဲရေးအဖွဲ့ကိုဒုမြို့တော်ဝန် ဦးရဲမွန် ဥက္ကဌ စည်ပင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ ထွေအုပ်၊ လျှပ်စစ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အင်ဂျင်နီယာအသင်း၊ ဆောက်လုပ် ရေး ဌာနစုံနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
အဖွဲ့စုံဖြင့်ပဏာမဝင်ရောက်စစ်ဆေးရာမှာ ပထမထပ်Skywalk တစ်ထပ်သာ အဓိကလောင်ကျွမ်းပျက်စီးပြီး ကျန်အထပ်များထိခိုက်ပျက်စီးမှု နည်းပါးကြောင်းတွေ့ရပါတယ်။
ဒီနေ့နေ့လည်တစ်နာရီကလောင်ကျွမ်းခြင်းမရှိတဲ့ မြေညီထပ် ပန်းကန် ကုန်စုံ ကုန်ခြောက် ၁၅၆၂ ခန်းပိုင်ရှင်များကို ဝင်ကြည့်ခွင့်ပြု၊ ပစ္စည်းသယ်ခွင့်မပြုပါ။ ( သယ်ပါက ယာဉ် ၁၅၀၀ ကျော် ပိတ်ဆို့နိုင်လို့ပါ)
ရတနာmall ဆိုင်ခန်း၃၈၂ ခန်းကိုတော့ ဝင်ရောက်ခွင့်ပြုပြီး ရတနာပစ္စည်းများဖြစ်လို့ ယူခွင့်ပြုပါတယ်။

ဝင်ခွင့်ကို သက်ဆိုင်ရာဈေးအကျိုး တော်ဆောင်များကစိစစ်ပြီး လုံခြုံရေး လည်ဆွဲဖြင့်သာဝင်ရောက်စေပါတယ်။
အထပ်တိုင်းမှာ ရဲ စည်ပင် အကျိုးဆောင်များပါဝင်တဲ့ အဖွဲ့စုံကပူးပေါင်းဝင်ရောက် ကြပ်မတ်ပါတယ်။
တန်ဘိုးရှိ ကျောက်မျက်ရတနာများ အပျောက်အရှ မရှိပါဘူး။
တတိယထပ် ICT YCC စာသင်ခန်းများ ၃၀စတုတ္ထထပ် MRCCI အပါအဝင်ရုံးခန်းများပဉ္စမထပ် MCC သင်တန်းခန်းမ များကိုသက်ဆိုင်သူများ ကြည့်ခွင့်ပြုပါတယ်။
လောင်ကျွမ်းတဲ့ ပထမထပ် Skywalk ဆိုင်ခန်း၁၅၅ ခန်း ဆိုင်ရှင်များ ကြည့်ခွင့်ပြုပါတယ်။ မနက်ဖြန်မှာ မလောင်ဘဲ ကျန်နေတဲ့ပစ္စည်းတွေကို သယ်ယူခွင့်ပြုပါမယ်။
CB ဘဏ် UAB ဘဏ်များက ငွေကြေး စာရွက်စာတမ်းများလည်း မပျက်မစီးရွှေ့ပြောင်းနိုင်ပါတယ်။
မြေအောက်ထပ်ဆိုင်က သားငါးများလည်း မပျက်မစီး သယ်ယူခွင့် ရပါတယ်။
ဈေးတစ်ခုလုံးလောင်မသွားအောင် ကြိုးစားငြှိမ်းသတ်ကြလို ပထမထပ်ရဲ့ ရဲ့ အနောက်ဖက်အခြမ်းသာ အဓိကပျက်ဆီးဆုံးရှုံးရလို့ အဆိုးဆုံးထဲက အကောင်းဖြစ် လာတာ အားလုံးတက်ညီလက်ညီ စွမ်းဆောင်ခဲ့ကြလို့ပါ။
ကူညီသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
Source: Ye Lwin