မန်ချက်စတာယူနိုက်တက်ကအသင်းဟာ ကရာဘောင်းဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးအ သင်းကို အဝေးကွင်းမှာအနိုင်ရခဲ့တာကြောင့် နည်းပြဆိုးလ်ရှားအတွက်ဂုဏ်ယူစရာစံချိန်တစ်ခုရ ယူနိုင်ခဲ့တာဖြစ်ပါတယ်။
နည်းပြဆိုးလ်ရှားဟာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ပွဲစဉ်မှာတုန်းက လည်း အဝေးကွင်းမှာ ၂ဂိုး၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ကရာဘောင်းဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ မှာလည်း မာတစ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာကြောင့်မန်စီးတီးကို အဝေးကွင်း ၂ပွဲဆက် တိုက် အနိုင်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပထမအကျော့တုန်းက ၃ဂိုး ၁ဂိုးနဲ့ ရူံးနိမ့်ခဲ့ရတာကြောင့် ဒုတိယအကျော့မှာ တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း နှစ်ကျော့ပိုင်းရလဒ် ၂ဂိုး ၃ဂိုးနဲ့ ပြိုင်ပွဲကနေထွက်ခဲ့ရတာဖြစ် ပါတယ်။ဒါပေမယ့် မန်စီးတီးအသင်းကို အဝေးကွင်းနှစ်ပွဲဆက်တိုက် နိုင်ပွဲရတဲ့ နည်းပြအဖြစ် ဆိုးလ်ရှား က မှတ်တမ်းဝင်ခဲ့ပါတယ်။
မန်စီးတီးအသင်းကို အဝေးကွင်း ၂ပွဲဆက်တိုက်အနိုင်ရယူနိုင်ခဲ့တဲ့နည်းပြက မော်ရင်ညိုနဲ့ ဂျာဂန် ကလော့ပ်တို့ ၂ဦးသာရှိပြီး ဆိုးလ်ရှားက သူတို့ရဲ့မှတ်တမ်းကောင်းကို လိုက်မီသွားခဲ့တာဖြစ်ပါတယ်။ဒါ့ အပြင် ၁၉၉၃ခုနှစ်နဲ့ ၂၀၀၀ပြည့်နှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် မန်စီးတီးအသင်းကို အဝေးကွင်း ၂ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၁၇-၂၀၁၈ အက်ဖ်အေဖလားမှာ ဝီဂန်အသင်းက မန်စီးတီးကို အနိုင်ရပြီးနောက်ပိုင်း ပြည်တွင်းပြိုင်ပွဲ ၁၉ ပွဲဆက်တိုက်စံချိန်ကိုလည်း မန်ယူနိုက်တက်အသင်းနဲ့ အတွေ့မှာရပ်တန့်ခဲ့ ရ တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာမန်စီးတီးနဲ့ ပွဲ အပြီးမှာ တော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ ဝုဗ်အသင်းနဲ့ စနေနေ့မှာယှဉ်ပြိုင်ကစားသွားရဦးမှာဖြစ်ပါတယ်။
Jack ( Sports Reader )