မန်ချက်စတာယူနိုက်တက်အသင်ဟာ အခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားသွားရဖို့ရှိပါတယ်။
အဆိုပါပွဲစဉ်မှာ မနေ့က မှတရားဝင် ခေါ်ယူလိုက်တဲ့ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အတွက် ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးပွဲစဉ်ဖြစ်လာဖို့ ပရိသတ်တွေကမျှော်လင့်နေကြတာဖြစ်ပါတယ်။ အသင်းနည်းပြ ဆိုးလ်ရှား ကတော့ ဖာနန်ဒက်စ်အနေနဲ့ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားမလားဆိုတဲ့မီဒီယာတွေရဲ့အမေး ကို ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ဝုဗ်နဲ့ပွဲအတွက် လူစာရင်းမှာပါဝင်ကစားမလားဆိုတာကို ဆိုးလ်ရှားကပြန် လည်ဖြေကြားရာမှာတော့ “သူကပွဲကစားဖို့ အဆင်သင့်ဖြစ်နေတာကြောင့် သူပါဝင်ပါလိမ့်မယ်။ လူစာရင်းထဲမှာ ပါဝင်မှာကတော့သေချာပါတယ်။သူဒီမှာ အခြေကျအောင် လုပ်ဆောင်နေရ တဲ့အချိန်ပါ။သူ့သမီးငယ်လေးဆိုရင် မနေ့ကမှ အသက်သုံးနှစ်ပြည့်ခဲ့တယ်။ဒါကြောင့်သူ့အနေနဲ့ အသင်းအ တွက် ဘယ်လောက်အတိုင်းအတာ အထိပါဝင်မလဲဆိုတာကတော့ မသိပါဘူး။ဒါ ပေမယ့် အသင်းလူစာရင်းမှာတော့ ပါဝင်မှာပါ” လို့ နည်းပြဆိုးလ်ရှားကပြောပြသွားခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းကွင်းလယ်ပိုင်းမှာ ပေါ့ဘာနဲ့ တွန်မီနေးတို့ ဒဏ်ရာရရှိထားပြီး ဖရက်ဒ်နဲ့ မာတစ် တို့ ၂ဦးဟာလည်း မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကရာဘောင်းဖလားဆီမီး ဖိုင်နယ်ဒုတိယအကျော့မှာ ပွဲထွက်ကစားခဲ့တာကြောင့် ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ပွဲပန်းမူတချို့ရှိနိုင် တာဖြစ်ပါတယ်။

ဒါကြောင့် ကစားသမားသစ် ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ပွဲပန်းမူတွေရှိနေနိုင်တဲ့ ယူနိုက်တက်ကွင်းလယ်မှာ ပါဝင်ကစားပြီး သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝပထမဆုံးပွဲစဉ် ဖြစ် လာမလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဖာနန်ဒက်စ်ဟာ အသင်းဟောင်းစပို့တင်းအတွက် ဇန်နဝါရီ ၂၈ရက်က ကစားခဲ့တဲ့ မာရီတီမို အသင်းနဲ့ပွဲမှာတော့မိနစ်၉ဝအ ထိပါဝင်ကစား ခဲ့သူဖြစ်ပါတယ်။
Jack ( Sports Reader )