ယနေ့ မတ်လ ၂၃ ရက် တနင်္လာနေ့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် ထပ်တိုးကူးစက်ခံရသူ ၁၂၂ ဦးရှိခဲ့ကာ စုစုပေါင်းကူးစက်ခံရသူ ၇၂၁ ဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။
၎င်းကူးစက်ခံရသူထဲမှာ အယောက် ၂၀ မှာ ယခင်ကူးစက်ခံခဲ့ရသူတွေနဲ့ ထိတွေ့မှုရှိခဲ့သူတွေဖြစ်ကာ ၁၀ ဦးကတော့ ပြည်ပမှ ဝင်ရောက်လာသူတွေဖြစ်ပါတယ်။ ကျန် ၉၂ ဦးရဲ့ ကူးစက်ခဲ့ရပုံတွေကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံသို့ ရောဂါစတင်ရောက်ရှိချိန်ကစလို့ ယခုချိန်အထိ တစ်ဦးသေဆုံးကာ ၅၂ ဦး ပြန်လည် သက်သာလာပြီဖြစ်သောကြောင့် ဆေးရုံတွင် ၆၆၈ ဦးကျန်ရှိနေပါသေး တယ်။ အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံတွေကတော့ ရောဂါရဲ့ ဒုတိယလှိုင်းတိုက်ခက်မှုကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေကြပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ကတော့ ကုန်တိုက်ကြီးအချို့မှ လွဲပြီးကျန်ဈေးဆိုင်တွေ ကုန်တိုက်အသေးစားတွေအကုန်လုံး မနေ့က မတ်လ ၂၂ ရက်နေ့ကစလို့ ၂၂ ရက်ကြာပိတ်ဖို့ ကြေငြာထားပီးဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ အဓိကအားကစားတစ်ခုဖြစ်တဲ့ လက်ဝှေ့ရုံတွေ၊ အလှပြင်ဆိုင်တွေနဲ့ ဈေးဆိုင်တန်းတွေကို လည်း ပိတ်ဖို့အမိန့်ပေးထားပါတယ်။ အမိန့်ကို ဖောက်ဖျက်ပါက ထောင်ဒဏ် ၁နှစ်ဒါမှမဟုတ် ထိုင်းဘတ် ၁၀၀,၀၀၀ ဒဏ်ငွေတပ်ခံရမှာဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာတော့ ၈ဦးထပ်မံသေဆုံးကာ ကူးစက်ခံရသူ ၁၆ ဦးထပ်တိုးလာခဲ့ပါတယ်။ ထိုကြောင့် ယခုအချိန်အထိ သေဆုံးသူဦးရေ ၃၃ ဦးရှိပြီဖြစ်ကာ စုစုပေါင်းကူးစက်ခံရသူ ၃၉၆ ဦးရှိပြီလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းပြည် အာဏာပိုင်တွေအရေးပေါ်အစည်း အဝေးခေါ်ကာ အရေးပေါ်ကျန်းမာရေးအစီအစဉ်တွေနဲ့ စီးပွားရေးရပ်ဆိုင်းမှုတွေကို ဖာထေးပေးဖို့အတွက် တိုင်ပင်နေကြရပါပြီ။
အရှေ့တောင်အာရှဒေသမှာ တစ်လအတွင်း ရောဂါကူးစက်ခံရသူမှာ တစ်လအတွင်း ၁၆၆ ဦးမှ ၃၇၀၀ ဦးအထိတိုးတက်လာတာလည်းဖြစ်ပါတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source – CNA