တောင်ကိုရီးယား ဖုန်းScreen ထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ Samsung Display ဟာ သူတို့ရဲ့ ထုတ်ကုန် LCD ( Liquid Crystal Display) ထုတ်လုပ်မှုကို ၂၀၂၀ အကုန်မှာ ရပ်တန့်တော့မယ်လို့ ယနေ့ မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
Samsung Display ဟာ Samsung Electronic Co Ltd လုပ်ငန်းစုကြီးရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ကာ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလကတည်းက ဝယ်လိုအားကျဆင်းလာမှုကြောင့် ၎င်းတို့ရဲ့ စက်ရုံကြီးနှစ်ခု အနက် တစ်ခုကို ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။
” ယခုနှစ်မကုန်ခင်အထိတော့ ကျွန်တော်တို့ရဲ့ ပုံမှန်ဝယ်ယူအားပေးသူတွေကို ဆက်လက်ထောက်ပံ့ပေးသွားမှာပါ” လို့ လည်း ပြောကြားခဲ့ပါသေးတယ်။ Apple Inc ကို supply ပေးနေတဲ့ Samsung Electronic ဟာ သူတို့ရဲ့ နည်းပညာနဲ့ စက်ရုံပိုင်းတွေမှာအဆင့်မြင့်ဖို့ အမေရိကန်ဒေါ်လာ ၁၀.၇၂ ဘီလီယံ အသုံးပြုသွားမယ်လို့တော့ အောက်တိုဘာလက ပြောခဲ့ပါသေးတယ်။
ယခုရင်းနှီးမြုပ်နှံမှုဟာ နောက်ငါးနှစ်အတွင်း တောင်ကိုရီးယားရဲ့ LCD ထုတ်လုပ်ရေးလုပ်ကွက်တွေကို ပိုမိုနည်းပညာမြင့်မားတဲ့ “Quantum Dot” screen ထုတ်လုပ်မှုကြီးတွေနဲ့ အစားထိုးသွားဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။
လောလောဆယ်မှာတော့ Samsung Display ဟာ တောင်ကိုရီးယားမှာ စက်ရုံကြီးနှစ်ရုံနဲ့ တရုတ်မှာ စက်ရုံကြီးနှစ်ရုံဖွင့်လှစ်ကာ လည်ပတ်နေတာပဲဖြစ်ပါတယ်။ တောင်ကိုရီးယားမှာရှိတဲ့ စက်ရုံကိုတော့ အဆင့်မြင့်တင်မှာဖြစ်ပေမယ့် တရုတ်နိုင်ငံက စက်ရုံအတွက်တော့ မစဉ်းစားရသေးဘူးလို့ ပြောပါတယ်။
Samsung ရဲ့ ပြိုင်ဘက် ကိုရီးယားဖုန်းထုတ်လုပ်ရေး LG ဟာလည်းပဲ တောင်ကိုရီးယားနိုင်ငံတွင်းမှာ LCD TV ထုတ်လုပ်မှုကို ၂၀၂၀ အကုန်မှာ ရပ်တန့်သွားမယ်လို့ပြောခဲ့ပါတယ်။
Writer- ZWP
Source- CNA