ကိုရိုနာဗိုင်းရပ်စ် အစပျိုးခဲ့တဲ့ ဟူဘေးခရိုင်၊ ဝူဟန်မြို့ရဲ့ ဘေးချင်းကပ် ဟူနန်ပြည်နယ်ဇာတိက လာတဲ့ တရုတ်နိုင်ငံသားမှာ ကိုရိုနာဗိုင်းရပ်စ်မရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ထိုင်းနိုင်ငံ၊ ဘန်ကောက်က အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းက စစ်ဆေးအတည်ပြုပြီး အကြောင်းပြန်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုအတည်ပြုပြောဆိုပါတယ်။
အဆိုပါတရုတ်နိုင်ငံသားက ဇန်နဝါရီလ ၃၁ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို၊ ကွမ်ကျိုးပြည်နယ်ကနေ China Southern Airlines နဲ့ ရောက်ရှိလာတာဖြစ်ပြီး၊ အပူချိန်မြင့်နေတာရယ်၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ အခက်အခဲရှိနေတာကြောင့် မြောက်ဥက္ကလာ၊ ဝေဘာဂီဆေးရုံကို ပို့ဆောင်ကာ သူရဲ့ ရောဂါစစ်ဆေးနိုင်မယ့် နမူနာတွေကို ဖေဖော်ဝါရီ ၁ရက်နေ့က ဘန်ကောက်ကို ပို့ဆောင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ထို့အပြင် အဆိုပါ လေယာဉ်ဖြင့်လိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးတွင် ကိုယ်ပူခြင်း၊ ဖျားနာခြင်း စ သည့် ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင်ထားရှိကာ ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျ စောင့်ကြပ်ကြည့်ရှုမှု ဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ခဲ့ရာတွင် အဆိုပါ စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ထားရှိသော တရုတ်ပြည်သူ့သမ္မနိုင်ငံသား အမျိုးသား ထံမှ နှာခေါင်းတို့ဖတ်နမူနာများ ရ ယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါအမျိုးသား၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိသည့်အတွက် သီးခြားခန်းတွင်ဆက်လက်ကုသရန်မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၎င်းနှင့် အတူ လေယာဉ်တစ်စီးတည်း အတူလိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးသည် လည်း ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ရောဂါကူးစက်မှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုမှု (quarantine) ဆက်လက် စောင့်ကြည့်ရန် မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
Source: ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန