မြန်မာနိုင်ငံရဲ့ နိုင်ငံဂုဏ်ဆောင်အားကစားမယ်လေး သက်ထားသူဇာကတော့ အာဖရိကတိုက် အရှေ့ပိုင်းမှာတည်ရှိတဲ့ ယူဂန်းဒါးနိုင်ငံ ကမ်ပါလာမြို့မှာ ကျင်းပပြုလုပ်တဲ့ Uganda International 2020 ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒီနေ့ ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှာပဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။
သက်ထားသူဇာက ဒီနှစ်မှာ ကျင်းပပြုလုပ်တဲ့ အိုလံပစ်ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိနေခဲ့ပါသေးတယ်။

သက်ထားသူဇာကတော့ လက်ရှိမှာ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိဖို့ ပိုမိုသေချာအောင် လိုအပ်နေတဲ့ အမှတ်တွေကို စုဆောင်းနေရတာပဲဖြစ်ပါတယ်။
သက်ထားသူဇာက လိုအပ်နေတဲ့ အမှတ်တွေကို ရရှိအောင် အခု ဖေဖော်ဝါရီလကနေစတင်ပြီး လာမယ့် ဧပြီလလောက်အထိကိြုပိုင်ပွဲတွေဆက်တိုက်ယှဉ်ပြိုင်သွားရမှာပါ။

အခုတစ်ခေါက်သွားရောက်ယှဉ်ပြိုင်တဲ့ Uganda International 2020 ပြိုင်ပွဲကတော့ အမှတ်စုဆောင်းဖို့အတွက် ပထမဆုံးယှဉ်ပြိုင်တဲ့ပြိုင်ပွဲပဲဖြစ်ပါတယ်။
သက်ထားသူဇာကတော့ မြန်မာနိုင်ငံအတွက် နိုင်ငံဂုဏ်ကိုဆောင်ပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်ခဲ့သလို နောက်ထပ်လည်း နိုင်ငံဂုဏ်ဆောင်နိုင်အောင်ကြိုးစားပေးနေတဲ့ နိုင်ငံရတနာလေးလို့တောင်ဆိုရမှာပါ။

ပရိသတ်ကြီးရေ နိုင်ငံအတွက်ကြိုးစားပေးနေတဲ့ သက်ထားလေး အိုလံပစ်ပြိုင်ပွဲမှာ ဝင်ခွင့်ရအောင် လက်ရှိပြိုင်ပွဲတွေမှာ အမှတ်တွေအများကြီး ရရှိအောင်ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။
Source: Thet Htar Thuzar