အင်တာနက်မှာ ပြန့်နေတဲ့ ဗိုင်းရပ်သတင်းတွေကို မယုံကြဖို့ မြန်မာအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်သံသယနဲ့ ဓာတ်ခွဲစစ်ဆေးထားတဲ့ လူနာ ၉ ယောက်မှာလည်း ရောဂါပိုး မတွေ့ရှိရကြောင်း ညသန်းခေါင်ကျော် အချိန်မှာ ထုတ်ပြန်ခဲ့ပါတယ်။
တခါ ဖေ့စ်ဘွတ် မက်ဆင်ဂျာ စာပို့စနစ်ကနေပြီး ဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိက ပြောတယ်ဆိုပြီး သတင်းမှားကို အသံဖိုင်နဲ့ ဖြန့်နေတာ တွေ့တယ်လို့လည်း ရေးသားထားပါတယ်။

နောက် ဧပြီလကုန်အထိ ရောဂါ တားဆီးကာကွယ်ရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒီကာလအတွင်း သင်္ကြန်မဏ္ဍပ်ကြီးတွေနဲ့ ရုပ်ရှင်ရုံတွေအပါအဝင် ပွဲလမ်းသဘင်နဲ့ အစည်းအဝေးတွေ မကျင်းပဖို့လည်း ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ကောလာဟလသတင်းမှားတွေ ဖြန့်နေသူတွေကို ရှာဖွေ အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

၁. သင်္ကြန်
လူတွေကို ရေမပက်ရဘူးလို့ မပိတ်ပါဘူး။
အစိုးရမဏ္ဍာပ်တွေ နိုင်ငံတော်အဆင့်မလုပ်တော့တာနဲ့ ဖျော်ဖြေရေးမဏ္ဍာပ်ကြီးတွေ ချမပေးတာပါ။ ကျွန်တော်ပြောဖူးတဲ့ အကူးနိုင်ဆုံးသော EDM မဏ္ဍာပ်တွေ ပိတ်ပါပြီ၊ Skynet မဏ္ဍာပ်လိုဟာလဲ မလာတော့ပါဘူး။ အကောင်းဆုံး ဆုံးဖြတ်ချက်ပါ။ ကျန်တာက ရပ်ကွက် အုန်းလက်မဏ္ဍာပ်တွေ လုပ်လို့ရပါတယ်။ ရေပက်ခံလဲထွက်လို့ရပါတယ်။
၂. ကျောင်း
ကျောင်းကိစ္စဘာမှ မပါပါဘူး
၃. ရုပ်ရှင်ရုံ
ရုပ်ရှင်ရုံတွေ ဧပြီလကုန်အထိ ပိတ်ပါမယ်။ ဒါလဲ အကောင်းဆုံး ဆုံးဖြတ်ချက်ထဲ ပါပါတယ်။
ထိခိုက်မယ့် ပတ်သက်ရာ အနုပညာဖက်ကစီးပွါးရေးသမားတွေကို တစ်ခုခုလုပ်ပေးရင် ပိုကောင်းပါမယ်လို့ အကြံပေးချင်ပါတယ်
၄. ဘာသာရေး
ဘုရားစတဲ့နေရာတွေ မပိတ်ပါဘူး။ သတိထားဖို့ပဲ လုပ်သွား ပန်ကြားသွားမယ်လို့ပါပါတယ်
ကြေငြာချက်ရဲ့အဓိကက လူတွေကို မတားမြစ်ဘဲ ပန်ကြား နားလည်အောင်ရှင်းပြဖို့ပဲလုပ်မှာပါတဲ့။ အစိုးရဦးဆောင်တဲ့ ပွဲတွေပဲ ရပ်မှာပါ၊ အစိုးရပွဲတွေ ဘာမှ မလုပ်ဘဲနေမှာပါ။
ဆုံးဖြတ်ချက် အတော်ကောင်းပါတယ်။ ဘတ်စ်ကားတွေကိစ္စတော့ ပါစေချင်မိတယ်။