Sponsored
COVID-19 ရောဂါသည် လူစုလူဝေး များပြားရာ နေရာများတွင် လျှင်မြန်စွာ ကူးစက်နိုင်သောကြောင့် သင်္ကြန် ပွဲတော်အတွက် မဏ္ဍပ် ဆောက်လုပ် ကျင်းပခြင်း အပါအဝင် လူစုလူဝေး ပွဲလမ်းသဘင် များကို မတ်လ ၁၃ ရက် မှ ဧပြီလကုန်အထိ ရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာန များကို ညွန်ကြားထားကြောင်း ၂၀၂၀ ခုနှစ်၊မတ်လ ၁၃ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။

ထို့နောက် လိုအပ်ပါက ရပ်ဆိုင်းကာလကို ထပ်မံတိုးမြှင့်သွား မည်ဖြစ်ကြောင်း သမ္မတရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ပြည်သူလူထု အနေဖြင့်လည်း သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ် ကျင်းပခြင်း အပါအဝင် လူစုလူဝေး ပွဲလမ်းသဘင်များကို မပြုလုပ်ကြ ရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
Sponsored
Source: နိုင်ငံတော်သမ္မတရုံး
Sponsored