မင်းသမီးချောလေးသင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေစောင့်ကြည့်အားပေးနေရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း သင်ဇာက အနုပညာအလုပ်တွေကို တစိုက်မက်မက်နဲ့လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

သင်ဇာရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ အမြဲတမ်းလိုလိုတွေ့မြင်နေရတာကြောင့် ပရိသတ်တွေအတွက်လည်းသူမရဲ့လှုပ်ရှားမှုတွေက အမြဲတမ်းဆန်းသစ်နေတာဖြစ်ပါတယ်။ သင်ဇာကတော့ အသက်(၃၀)ကျော်အရွယ်ကိုရောက်ရှိနေပေမယ့် လူငယ်လေးတစ်ယောက်လို အမြဲတမ်းနုပျိုလန်းဆန်းပြီး တက်ကြွနေတာဖြစ်ပါတယ်။


သင်ဇာကတော့ တက်ရောက်ရတဲ့ပွဲအခမ်းအနားအလိုက် ဖက်ရှင်ကိုလည်း ဆန်းသစ်နေအောင် ဝတ်ဆင်တတ်တဲ့သူဖြစ်လို့ လူတိုင်းကငေးမောနေရတာပါနော်။
သင်ဇာကတော့ မကြာခဏဆိုသလို ခရီးတွေသွားလာရပြီး မကြာသေးခင်ရက်ပိုင်းကလည်း ငွေဆောင်ကမ်းခြေကို ကြော်ငြာရိုက်ဖို့အတွက်ရောက်ရှိခဲ့ပါသေးတယ်။ သင်ဇာကတော့ ကမ်းခြေမှာ အရမ်းလန်းနေပြီး ပင်လယ်ကြီးနဲ့အပြိုင်ဆွဲဆောင်မှုတွေရှိနေတာပါနော်။



အခုဆိုရင်လည်း ဖြူဖွေးဝင်းမွတ်နေတဲ့ အတွင်းသားအလှတွေကအတိုင်းသားပေါ်လွင်နေပြီး အပြစ်အနာအဆာမရှိအောင် လှရက်လွန်းနေတဲ့ သင်ဇာ့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။



Source: Nay Min Tun’s Facebook