တရုတ်နိုင်ငံသားတွေဟာ နာရီပေါင်းများစွာ မနားတမ်း တာဝန် ထမ်းဆောင်နေတဲ့ ဆရာဝန်များနဲ့ သူနာပြုများကို ချီးမွမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ပြီး တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ပြန့်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကို ခံစားနေရသူတွေအတွက် ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ တရက်ကို ၁၂ နာရီတိတိ တာဝန် ထမ်းဆောင်နေတာကြောင့် မျက်နှာမှာ Mask တပ်ထားတဲ့ အရာများ ထင်နေတဲ့ သူနာပြုတွေရဲ့ ပုံတွေကို လူမှုကွန်ရက် စာမျက်နှာများမှာ မျှဝေပြီး ချီးမွမ်းစကားများ ဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဆေးရုံ ဝန်ထမ်းတွေဟာ တာဝန်ချိန်အတွင်းရော တာဝန်ချိန်ပြင်ပမှာပါ တတ်နိုင်သလောက် ဆေးရုံဝင်းထဲမှာသာ ရှိနေပြီး အကူအညီ လိုအပ်သူတွေကို အကူအညီပေး နေကြတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ မျက်နှာမှာ Mask တပ်ဆင်ထားတဲ့ အရာများ ရှိနေတဲ့ သူနာပြုတွေရဲ့ ပုံတွေ ပျံ့နှံ့နေပြီး ပြန်လည် မျှဝေသူတွေလည်း သိန်းနဲ့ချီ ရှိနေပါတယ်။ လူမှုကွန်ရက် အသုံးပြုသူများက သူနာပြုတွေရဲ့ စတေးမှုအတွက် ကျေးဇူးတင်ကြောင်း မှတ်ချက်တွေ ပေးထားခဲ့ကြပါတယ်။

တရုတ်နိုင်ငံနှင့်ကမ္ဘာတစ်ဝှမ်းလုံးမှာ ကိုရိုနာဗိုင်းရပ်စ် အန္တရယ်မှ ဘေးကင်းလုံခြုံရန်အတွက်တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းများရဲ့ ဓာတ်ပုံများကို ဖော်ပြလိုက်ပါတယ်။


Writer – Summer ( The Lifestyle Myanmar )
Source: News.com.au