အမေရိကန် သရုပ်ဆောင် မင်းသားကြီး Tom Hanks နဲ့ ဇနီးသည် Rita Wilson တို့ဟာ သြစတြီးယားနိုင်ငံမှာ Coronavirus ရောဂာကုသမှုခံယူပြီးနောက် ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ သို့သော်လည်း သူတို့လတ်တလော ဌားရမ်းနေထိုင်နေတဲ့ သြစတြီးယားနိုင်ငံ Queensland က နေအိမ်မှာပဲ နေထိုင်ဖို့ အကြံပေးထားပြီး လူစုလူဝေးနဲ့ အသွားအလာ လုပ်လို့ရမှာမဟုတ်သေးပါဘူး။
ယခုရောဂါကြောင့် မင်းသားကြီး Tom Hanks ကိုအသာလေးရိုက်ကူးနေရတဲ့ ရိုက်ကူးရေးဟာ ခဏတာရပ်နားထားရပါတယ်။ ယခုအထိ သြစတြီးယားနိုင်ငံတွင်း ကူးစက်ခံရသူပေါင်း ၃၇၅ ဦးရှိပြီဖြစ်ပါတယ်။
ရောဂါ ခံစားရတာနဲ့ ပတ်သတ်ပြီး အသက် ၆၃ နှစ်အရွယ် မင်းသားကြီး Tom Hanks က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ” ကျွန်တော် ပုံမှန်အအေးမိသလိုမျိုး ကိုယ်လက်တွေကိုက်လာခဲ့တာပါ။ လူကလည်း တော်တော်လေးနုံးလာခဲ့တယ်။ ကျွန်တော့်အမျိုးသမီးကတော့ နှာစေး ပြီး အဖျားနည်းနည်းရှိခဲ့ပါတယ် ” လို့ဖော်ပြခဲ့ပါတယ်။ ” ဒါ့အပြင် ဆေးရုံတက်နေစဉ်အတွင်း အစစအရာရာကူညီပေးခဲ့သူတွေကိုလည်းကျေးဇူူးတင်ကြောင်း လည်း ” ပြောကြားခဲ့ပါသေးတယ်။
Coronavirus ဟာ မင်းသားကြီး Tom Hanks မှမဟုတ်ပါဘူး အခြားသော အနုပညာရှင်တွေကိုလည်း ကူးစက်ပြီး မတ်လ ၁၆ ရက်နေ့က ဗြိတိန်သရုပ်ဆောင် Idris Elba ဟာလည်း ရောဂါကူးစက်ခံခဲ့ရပါတယ်။ ယခုအချိန်အထိ သူ့မှာ ရောဂာအခြေအနေမပြသေးပေမယ့် သူ့ဟာ ရောဂါကူးစက်ခံရသူတစ်ဦးနဲ့ ထိတွေ့ခဲ့လို့ ဆေးစစ်ကြည့်ရာမှာ ရလဒ်က Positive ဖြစ်နေတာပါ။
မင်းသားကြီး Tom Hanks တို့ယခုလောလောဆယ်နေထိုင်နေတဲ့ သြစတြီးယားနိုင်ငံ Queensland မှာတော့ ကူးစက်ခံရသူဦးရေ ၆၈ ဦးရှိကာ ဝန်ကြီးချုပ်က နိုင်ငံတွင်းဝင်ရောက်လာသူ မည်သူမဆို ၁၄ ရက်တာ သီးသန့်ခွဲခြားနေထိုင်ရမယ်လို့ အမိန့်ထုတ်ထားပါတယ်။ ကျောင်းတွေဖွင့်လှစ်ထားပေမယ့် အပျော်စီးသင်္ဘော တွေဆိုက်ကပ်ခြင်းကို ရက်၃၀ ကြာ တားမြစ်သွားမှာလည်းဖြစ်ပါတယ်။ ဖေဖော်ဝါရီလက တရုတ်နိုင်ငံရောက် သြစတြီးယားနိုင်ငံသား အယောက် ၂၀၀ ဟာ ၁၄ရက်တာ Christmas Island မှာ သီးသန့်နေထိုင်ပြီးနောက်ပိုင်း ၎င်းတို့ကို အိမ်ပြန်ခွင့်ပေးလိုက်ပါပြီ။
Writer- ZWP(thelifestylemyanmar)
Source – BBC