ထရမ့် မိန့်ခွန်းက စစ်မလိုလားသလိုလို ပြောသွားတယ်။ နေတိုးကို သူ့နောက်လိုက်မှာလား မေးတယ်။
သူ့ရဲ့ သုံးနှစ်တာ ကာလအတွင်းမှာ ၂. ၃ ထရီလီယမ် ဒေါ်လာ သုံးပြီး ကမ္ဘာပေါ်မှာ သမိုင်းတလျှောက် အတောင့်တင်ဆုံး အမေရိကန် စစ်တပ်ရှိကြောင်း၊ စီးပွားရေးအရလည်း အခိုင်မာဆုံး အခြေအနေရှိကြောင်း ပြောပါတယ်။

အီရန်က ခေါင်းဆောင်တွေ ပြည်သူတွေ ငြိမ်းချမ်းရေး လိုလားမယ်လို့ မျှော်လင့်ကြောင်း လှပထိုက်တန်တဲ့ အနာဂတ်တခုကို အီရန်ကို ပိုင်ဆိုင်စေလိုကြောင်း ပြောတယ်။
“ကျနော်တို့အနေနဲ့ အီရန်ပြည်သူတွေ၊ အီရန်ခေါင်းဆောင်တွေကိုထိုက်တန်တဲ့ အနာဂတ်ကောင်းရှိစေချင်ပါတယ်။ ကြွယ်ဝချမ်းသာပြီး ကမ္ဘာ့နိုင်ငံအားလုံးနဲ့ လိုက်လျှောညီထွေ ဖြစ်စေချင်ပါတယ်။ ဒီလို ငြိမ်းချမ်းရေးလိုလားတယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ” ဟု အမေရိကန်သမ္မတ ထရမ့်က ပြောဆိုသည်။
ခြုံပြောရရင် စစ်ကို သူက စတာ မဖြစ်စေချင်ဘူး။ အီရန်ကို ကျွံလာအောင် မျှားတဲ့ သဘော ရှိတယ်။ သူ့စကားပေါ် တွေဝေပြီး အလစ်အငိုက် ရဖို့ ကြိုးစားတာလဲ ဖြစ်နိုင်တယ်။ လက်နက်နဲ့ ဖြဲခြောက်ထားတယ်။ ရေနံ အမှီအခိုကင်းအောင် တည်ဆောက်ထားလို့ အရှေ့အလယ်ပိုင်းက သူ့အတွက် ဘာမှ မက်မောစရာ မရှိဘူးလို့ မြင်အောင် ပြောသွားတယ်။
အီရန် စိတ်လှုပ်ရှားပြီး ကျွံလာအောင် စောင့်မဲ့ သဘောရှိတယ်။ မနက်က အီရန်ရဲ့ ရော့ကက်တိုက်ခိုက်မှုက သိတ်ပြီး ထိခိုက်ဆုံးရှုံးမှု ရှိပုံ မရဘူး။ သွေးသွေးအေးအေးနဲ့ ပြောနေတာကို ထောက်ရင်။
တရုပ်ကို ဝမ်းသာအောင် မလုပ်သွားတာ အသက်။ တရုပ်က ဒီစစ်ကို ဖြစ်စေချင်နေတာ။
ထရန့်ရဲ့ ပါးနပ်မှုကတော့ ၉ ပါလို့ဘဲ မြင်တယ်။
Source: Myat Thar