အင်္ဂလိပ်ဘာသာစကား မပြောနိုင်သည်နှင့် ပညာရေးစနစ် မကောင်းဟု လွှဲချ၍ မရကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။
ဇန်နဝါရီ ၂၃ ရက်က ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်တွင် ပြုလုပ်သည့် ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနား၌ တက် ရောက်လာသော ပါတီဝင်များမှ ပညာရေး ကဏ္ဍနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက်သင့် ကြောင်း မေးမြန်းမှုအား ပြန်လည်ရှင်းလင်းစဉ် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

”ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင် အာဆီယံအဆင့်ထက်သာမက ကမ္ဘာနဲ့ ရင်ပေါင်တန်း နိုင်တဲ့အထိဖြစ်အောင် လုပ်ရမယ်။ နိုင်ငံတကာနဲ့ယှဉ်ပြီး ထူးချွန်တဲ့သူ တွေဖြစ်အောင် လုပ်ပေးချင်တယ်”ဟု ၎င်းက ပြောသည်။
”အခု လက်ရှိ ပညာရေးစနစ်ကို လုံးဝသုံးမရဘူးလို့ ပြောရင်တော့ ကျွန်တော် ဆန့်ကျင်တယ်။ ဘာလို့လဲဆိုတော့ ဒီပညာရေးစနစ်နဲ့ပဲ ဒီနိုင်ငံ မှာ ထူးချွန်တဲ့ ပညာရှင်တွေ ထွက်ပေါ်လာတာ ပါ။ အင်္ဂလိပ်လိုမပြောနိုင်တာနဲ့ ပညာရေး စနစ် မကောင်းလို့ဆိုပြီး လွှဲချလို့ မရ ပါဘူး။
ကိုယ်ကြိုးစားမှရမှာပါ။ ဒါပေမဲ့ နိုင်ငံတကာနဲ့ ယှဉ်နိုင်တဲ့ တက္ကသိုလ်တွေ၊ သင်ရိုးညွှန်းတမ်း တွေရေးဆွဲပြီး လိုအပ်သလို ပြုပြင်ပြောင်း လဲ ဖို့တော့ လိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ပညာရေးနှင့်ပတ်သက်ပြီး အခြားနိုင်ငံ များ ချိတ်ဆက်ဆွေးနွေးမှုများရှိပြီး လာမည့် ရွေးကောက်ပွဲတွင် ပြည်သူများမှ လုပ်ပိုင်ခွင့် ပေးပါက ဆောင်ရွက်နိုင်ရန်အတွက် ယခု အချိန်ကတည်းက ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ ကြောင်း ၎င်းက ပြောသည်။
Source: USDP